ပိုးတွေ့နေရဆဲဖြစ်သည့် မိုင်းဖြတ်မြို့က Covid-19 အတည်ပြူလူနာကို (၇)ကြိမ်မြောက် ပြန်လည်ဓါတ်ခွဲ စစ်ဆေးမည်

ပိုးတွေ့နေရဆဲဖြစ်သည့် မိုင်းဖြတ်မြို့က Covid-19 အတည်ပြူလူနာကို (၇)ကြိမ်မြောက် ပြန်လည်ဓါတ်ခွဲ စစ်ဆေးမည်
မေ 24, 2020
By Tachileik News Agency

ပိုးတွေ့နေရဆဲဖြစ်သည့် မိုင်းဖြတ်မြို့က Covid-19 အတည်ပြူလူနာကို (၇)ကြိမ်မြောက် ပြန်လည်ဓါတ်ခွဲ စစ်ဆေးမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေဆဲဖြစ်သည့် မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ Case 64 အား ၂၀၂၀ ခုနှစ်၊ မေလ (၂၅)ရက်နေ့၌ (၇)ကြိမ်မြောက် ပြန်လည်ဓါတ်ခွဲ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Case 64 က (၆)ကြိမ်မြောက်က Postive ဖြစ်လို့ တစ်ပတ်ပြည့်တဲ့ မနက်ဖြန်မှာ နောက်တစ်ကြိမ် ထပ်စစ်မယ်

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရန်ကုန်မြို့တွင် ကျင်းပသည့် ဘာသာရေးပွဲက ပြန်လာသူ မိုင်းဖြတ်မြို့မှ အမျိုးသားတစ်ဦးမှာ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့တွင် အတည်ပြုလူနာ Case 64 အဖြစ် ဓါတ်ခွဲအဖြေရလာခဲ့သဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၏ ပထမဆုံး COVID 19 အတည်ပြုလူနာဖြစ်လာခဲ့ပြီး ဒုတိယမြောက်လူနာအဖြစ် တာချီလိတ်မှ (Case 96) ဆရာဝန် အမျိုးသားကို ဧပြီလ (၁၈)ရက်နေ့တွင် လည်းကောင်း၊ တတိယမြောက်လူနာအဖြစ် တာချီလိတ်မှ သူနာပြုဆရာမကို (Case 112) ကို ဧပြီလ (၂၀) ရက်နေ့တွင် လည်းကောင်း အသီးသီးဓါတ်ခွဲတွေ့ခဲ့ရခြင်းဖြစ်သည်။

အတည်ပြုလူနာ (၃)ဦးအနက် Case 96 မှာ မေလ (၂၀)ရက်နေ့တွင် ဆေးရုံမှဆင်းခွင့်ရသွားပြီး Case 112 မှာလည်း ဆေးရုံဆင်းရန်အတွက် မေလ (၂၂)ရက်နေ့ကတည်းက (၁၄)ရက်စောင့်ကြည့်မှုအောက်သို့  ပြောင်းရွှေ့ထားပြီဖြစ်သည်။

လက်ရှိအချိန်ထိ ကုသမှုခံယူနေဆဲ အတည်ပြုလူနာ Case 64 မှာ (၃)ကြိမ်မြောက် ဓါတ်ခွဲစစ်ဆေးစဉ်က ပိုးမတွေ့ကြောင်း အဖြေရပြီးနောက် (၄)ကြိမ်မြောက်၊ (၅)ကြိမ်မြောက်နှင့် (၆)ကြိမ်မြောက် စစ်ဆေးမှုများတွင် ပိုးတွေ့ရကြောင်း ဓါတ်ခွဲအဖြေရထားကာ မေလ (၂၅)ရက်နေ့၌ (၇)ကြိမ်မြောက် ဓါတ်ခွဲနမူနာရယူပေးပို့မည်ဖြစ်သည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~