တာချီလိတ်မှ COVID-19 အတည်ပြုလူနာကို ကျိုင်းတုံဆေးရုံက လာရောက်ခေါ်ဆောင်

တာချီလိတ်မှ COVID-19 အတည်ပြုလူနာကို ကျိုင်းတုံဆေးရုံက လာရောက်ခေါ်ဆောင်
ဧပြီ 19, 2020
By Tachileik News Agency
တာချီလိတ်မှ COVID-19 အတည်ပြုလူနာကို ကျိုင်းတုံဆေးရုံက လာရောက်ခေါ်ဆောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ ပထမဆုံး COVID 19 အတည်ပြုလူနာကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့ နေ့လယ်ပိုင်းတွင် နေအိမ်ကနေ တဆင့် ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသပေးရန် ခေါ်ဆောင်သွားပြီဖြစ်သည်။

အဆိုပါ အတည်ပြုလူနာဆရာဝန်မှာ ရန်ကုန်တွင် လူနာအား ကုသပေးရာမှ ကူးစက်ခံရခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေသည်ကို တွေ့ရသည်။

တာချီလိတ်ခရိုင်ဆေးရုံ၌ ဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်းများကို Quarantine ထားရှိဆဲဖြစ်၍ ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခြင်းဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာအား ကျိုင်းတုံပြည်သူ့ဆေးရုံမှ လူနာတင်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်ခြင်းဖြစ်ပြီး ကျိုင်းတုံဆေးရုံ၌ ယခုလူနာအပါအဝင် အတည်ပြုလူနာ (၂) ဦးကို ကုသပေးနေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~