ရန်ကုန်နှင့်စစ်ကိုင်းတိုင်း တို့တွင် (၃)ဦးထပ်တိုး၍ COIVD-19 ကူးစက်ခံရသူ (၈၈)ဦးရှိလာ

ရန်ကုန်နှင့်စစ်ကိုင်းတိုင်း တို့တွင် (၃)ဦးထပ်တိုး၍ COIVD-19 ကူးစက်ခံရသူ (၈၈)ဦးရှိလာ
ဧပြီ 17, 2020
By Tachileik News Agency
ရန်ကုန်နှင့်စစ်ကိုင်းတိုင်း တို့တွင် (၃)ဦးထပ်တိုး၍ COIVD-19 ကူးစက်ခံရသူ (၈၈)ဦးရှိလာ

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့ ပထမအသုတ် ဓါတ်ခွဲနမူနာစစ်ဆေးမှုတွင် ရန်ကုန်နှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အတည်ပြုလူနာ (၃)ဦးကို ထပ်တွေ့ရသဖြင့် စုစုပေါင်း အတည်ပြုလူနာ (၈၈)ဦးရှိလာပြီဖြစ်သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ပထမအသုတ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၉၃) ခုအနက် အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးမှ စောင့်ကြည့်လူနာ (၁)ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့်လူနာ (၁)ဦးနှင့် ကလေးမြို့တွင် အသွားအလာကန့်သတ်ထားသူ (၁)ဦး စုစု‌ပေါင်း (၃)ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရပြီး ကျန်လူနာ (၉၀)ဦးတွင် COVID -19 ရောဂါပိုး မတွေ့ရှိရကြောင်း သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဧပြီလ (၁၇)ရက်နေ့ နံနက် ပိုင်းအထိ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားသူ စုစုပေါင်း (၃,၅၀၅) ဦး၏ ဓာတ်ခွဲ နမူနာများကို စစ်ဆေးခဲ့ရာ (၈၅) ဦးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း တွေ့ရှိပြီး (၃,၄၂၀) ဦးတွင် ရောဂါပိုးမရှိကြောင်း တွေ့ရှိထားခြင်းဖြစ်ကြောင်း သိရသည်။

ကုသမှုခံယူနေသည့် ဓါတ်ခွဲအတည်ပြုလူနာ (၇၉) ဦးအနက် အတည်ပြုလူနာ (Case-003)၊ အတည်ပြုလူနာ (Case-009)နှင့် အတည်ပြုလူနာ(Case-012) တို့ကို နောက်ထပ်နှစ်ကြိမ် ဓါတ်ခွဲစစ်ဆေးမှုများတွင် COVID-19 ပိုးမတွေ့ရတော့ကြောင်း သိရသည်။

အတည်ပြုလူနာ (၈၈)ဦးအနက် ကုသမှုခံယူပြီးနှစ်ကြိမ်ထပ်မံစစ်ဆေးမှုအတွင်း  ပိုးမတွေ့ရသူ စုစုပေါင်း (၅)ဦးရှိလာပြီး သေဆုံးသွားသူ (၄)ဦးနှင့် ကုသမှုခံယူနေဆဲ (၇၆)ဦးနှင့် လက်ရှိထပ်တိုးလာသူ (၃)ဦးရှိနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~