တာချီလိတ်ရှိ မြန်မာ - လာအိုနယ်စပ် ဝမ်ပုံဆိပ်ကမ်းတွင် မြန်မာနိုင်ငံသား(၄၅)ဦးကို နောက်ဆုံးလက်ခံလိုက်ပြီးနောက် အဝင်အထွက်ပိတ်လိုက်ပြီဖြစ်ကြောင်း လာအိုဘက်သို့ အကြောင်းကြားထား

တာချီလိတ်ရှိ မြန်မာ - လာအိုနယ်စပ် ဝမ်ပုံဆိပ်ကမ်းတွင် မြန်မာနိုင်ငံသား(၄၅)ဦးကို နောက်ဆုံးလက်ခံလိုက်ပြီးနောက် အဝင်အထွက်ပိတ်လိုက်ပြီဖြစ်ကြောင်း လာအိုဘက်သို့ အကြောင်းကြားထား
မတ် 29, 2020
By Tachileik News Agency
တာချီလိတ်ရှိ မြန်မာ - လာအိုနယ်စပ် ဝမ်ပုံဆိပ်ကမ်းတွင် မြန်မာနိုင်ငံသား(၄၅)ဦးကို နောက်ဆုံးလက်ခံလိုက်ပြီးနောက် အဝင်အထွက်ပိတ်လိုက်ပြီဖြစ်ကြောင်း လာအိုဘက်သို့ အကြောင်းကြားထား  

မြန်မာ - လာအိုနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်ရှိ ဝမ်ပုံဆိပ်ကမ်းမှ အဝင်အထွက်ပြုလုပ်ခြင်းကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ကစ၍ ယာယီပိတ်လိုက်ပြီး လာအိုဘက်ရှိ မိုင်းမောဆိပ်ကမ်းဘက်ရောက်နေသည့် နေရပ်ပြန် (၄၅)ဦးကို မြန်မာဘက် ဝင်ခွင့်ပြုလိုက်ကြောင်း သိရသည်။

ဒီနေ့တော့ လာအိုဘက်က (၄၅)ယောက်ကို ပေးဝင်လိုက်တယ်။ ဝင်ခွင့်ပိတ်လိုက်ပြီဆိုတာကိုလည်း လာအိုဘက်ကိုလည်း အကြောင်းကြားထားပါပြီ။ နောက်နေ့တွေတော့ ဝင်ခွင့်မပေးတော့ပါဘူး

ဟု တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နေရပ်ပြန်လာသူများအား ဝမ်ပုံဆိပ်ကမ်းဘက်ခြမ်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ကျန်းမာရေးစစ်ဆေးလက်ခံရာ ကိုယ်အပူချိန်မြင့်နေသူ (၁)ဦးပါလာသဖြင့် စောင့်ကြည့် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

ကိုယ်အပူချိန်မြင့်နေတာတစ်ယောက်ပါတယ်။ သူ့ကိုတော့ ခေါ်ထားပြီး ကိုယ်အပူချိန်တိုင်းတာ ပြန်စစ်နေတယ်

ဟု မိုင်းဖုန်း(က)ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရဲမြင့်ဦးက ပြောသည်။

မြန်မာနှင့် လာအို နှစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကူးစက်ခံရသူများရှိနေပြီဖြစ်၍ ဆိပ်ကမ်းမှ ဝင်ထွက်သွားလာခြင်းကို မတ်လ (၂၉)ရက်နေ့၌ ရုတ်တရက်ပိတ်လိုက်ရာ လာအိုနိုင်ငံ ဘိုကီယိုပြည်နယ်ဘက်မှ နေရပ်ပြန်လာသူများ ကမ်းကူးခွင့်မရတော့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ - လာအို နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို ပိတ်ထားပြီးဖြစ်သော်လည်း ဝမ်ပုံဆိပ်ကမ်းမှ မြန်မာလုပ်သားများ ဝင်ထွက်သွားလာမှုများကို မတ်လ (၂၉)ရက်နေ့မှစ၍ ယာယီပိတ်လိုက်ခြင်းဖြစ်သည်။
မတ်လ (၂၈) ရက်နေ့အထိ အတည်ပြုချက်အရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ (၈)ဦးနှင့် လာအိုနိုင်ငံတွင် အတည်ပြုလူနာ (၈)ဦးစီ တွေ့ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~