ထိုင်းနိုင်ငံ မယ်ဆိုင်တွင် သစ်ပင်ပေါ်မှ ပြုတ်ကျသည့် မြန်မာတစ်ဦး ဦးခေါင်းထိခိုက်ထား၍ မိသားစုဝင်များနှင့် အဆက်အသွယ် အမြန်ရရှိရန် လိုအပ်နေ

ထိုင်းနိုင်ငံ မယ်ဆိုင်တွင် သစ်ပင်ပေါ်မှ ပြုတ်ကျသည့် မြန်မာတစ်ဦး ဦးခေါင်းထိခိုက်ထား၍ မိသားစုဝင်များနှင့် အဆက်အသွယ် အမြန်ရရှိရန် လိုအပ်နေ
ဖေဖော်ဝါရီ 14, 2020
By Tachileik News Agency
ထိုင်းနိုင်ငံ မယ်ဆိုင်တွင် သစ်ပင်ပေါ်မှ ပြုတ်ကျသည့် မြန်မာတစ်ဦး ဦးခေါင်းထိခိုက်ထား၍ မိသားစုဝင်များနှင့် အဆက်အသွယ် အမြန်ရရှိရန် လိုအပ်နေ

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် မြန်မာလုပ်သားတစ်ဦး သစ်ပင်ပေါ်မှ ပြုတ်ကျ၍ ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသဖြင့် ချင်းရိုင်းဆေးရုံသို့ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့တွင် လွှဲပို့ထားပြီး ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်ရာ မိသားစုဝင်များနှင့် အဆက်အသွယ် အမြန်ဆုံးရရှိရန် လိုအပ်နေကြောင်း သိရသည်။

“သစ်ပင်ပေါ်က ပြုတ်ကျလို့ ခေါင်းထိသွားတာ။ ဒဏ်ရာက ခွဲစိတ်ကုသမှုတွေ လိုတယ်လို့ သိရတယ်။ ချင်းရိုင်း ဆေးရုံမှာပါ။ သူ့မိသားစုဝင်တွေ အမြန်ဆုံးသိပြီး ဆက်သွယ်နိုင်ဖို့ လိုနေတယ်လို့ ကျွန်တော်တို့ဆီကို ဆက်သွယ်အကြောင်းကြားလာတယ်။ မိသားစုဝင်တွေအနေနဲ့ ဒီတံတားပေါ်က တာချီလိတ်ဘက်က ကျန်းမာရေးဌာန ဖြစ်ဖြစ်၊ မယ်ဆိုင်ဘက်က ကျန်းမာရေးဌာနဖြစ်ဖြစ် ဆက်သွယ်လို့ရပါတယ်”

ဟု တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားရှိ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၏ တပ်ဖွဲ့စု(၁၄)တာချီလိတ်မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ မြန်မာနိုင်ငံသားမှာ စိုင်းကဝိ ( Sai Ka Wein) (ခ) အိုက်ခမ်းဆိုသူဖြစ်ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့မှဖြစ်ကြောင်း ၎င်း၏ သက်သေခံကဒ်အရ သိရပြီး ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့က သစ်ပင်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~