တာချီလိတ်မြို့တွင်း မှောင်ရိပ်ကျနေရာများတွင် မီးလင်းရေးကော်မတီက လမ်းမီးများတပ်ဆင်နေ

တာချီလိတ်မြို့တွင်း မှောင်ရိပ်ကျနေရာများတွင် မီးလင်းရေးကော်မတီက လမ်းမီးများတပ်ဆင်နေ
ဇန်နဝါရီ 28, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင်း မှောင်ရိပ်ကျနေရာများတွင် မီးလင်းရေးကော်မတီက လမ်းမီးများတပ်ဆင်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း မှောင်ရိပ်ကျနေရာများတွင် တာချီလိတ်မြို့ မီးလင်းရေး ကော်မတီက  လမ်းမီးများ တပ်ဆင်ခြင်းကို တစ်မြို့လုံးအတိုင်းအတာဖြင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

" အမှောင်ရိပ်ကျတဲ့ နေရာတွေမှာ ဒုစရိုက်မှု လျော့ပါးသွားအောင်၊ ယာဉ်တိုက်မှုတွေ လျော့ကျအောင် လမ်းမီးတွေ တပ်တာပါ။ မီးလင်းရေးကော်မတီက အကုန်အကျခံ စိုက်ထုတ်သုံးစွဲတာပါ။ နောက် အများနဲ့ သက်ဆိုင်တဲ့ နေရာတွေ၊ စာသင်ကျောင်းတို့၊ ဆေးရုံ ဆေးခန်းတွေ၊ စက်ရုံ၊ အလုပ်ရုံတွေရှိတဲ့နေရာတွေ၊ မှောင်ရိပ်ကျတဲ့နေရာတွေက ဒုစရိုက်မှုတွေဖြစ်နိုင်တဲ့အတွက် ဦးစားပေးတပ်ဆင်သွားမှာပါ။ စီမံချက်နဲ့ တစ်မြို့လုံး အတိုင်းအတာနဲ့ တပ်ဆင်သွားမှာပါ"

ဟု တာချီလိတ်မြို့မီးလင်းရေးကော်မတီဥက္ကဌ ဦးတင်လှိုင်က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးဘေး ရတနာလမ်းမကြီးနှင့် ရတနာလမ်းသွယ် (၁၃)လမ်း တို့တွင် မီးချောင်းတစ်ချောင်းလျှင် ထိုင်းဘတ်ငွေ (၃၀၀၀) တန် LED မီးချောင်း (၁၃) ချောင်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် တပ်ဆင်ထားကြောင်း သိရသည်။

မြို့တွင်း အမှောင်ရိပ်ကျနေသည့် လမ်းများတွင် လမ်းမီးများ တပ်ဆင်ခြင်းကို မီးလင်းရေးကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့် အပြင် မှုန်ဝါးနေသည့် မီတာများကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး (EPC) နှင့် ညှိနှိုင်းပြီး အသစ်လဲလှယ်တပ်ဆင်သွားရန်၊ လျှပ်စစ်မီးတိုင်များတွင် မီတာဘောက်အများအပြား စုပြုံတပ်ဆင်နေခြင်းအပါအဝင် ပြုပြင်ရန်လိုအပ်နေသည်များကို ပြင်ဆင်ရန်နှင့် အင်တာနက်လိုင်းကြိုးများ လျှပ်စစ်မီးတိုင်များတွင် သွယ်တန်းနေခြင်းကို လျှပ်စစ်အန္တရာယ်ကင်းရေးအတွက် စနစ်တကျဆောင်ရွက်ရန်တို့ကိုပါ လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~