တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ ကျင်းပမည့် လားဟူတိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲ ဇန်နဝါရီလ(၂၈)ရက်နေ့ စမည်

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ ကျင်းပမည့် လားဟူတိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲ ဇန်နဝါရီလ(၂၈)ရက်နေ့ စမည်
ဇန်နဝါရီ 24, 2020
By Tachileik News Agency
 
 တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ ကျင်းပမည့် လားဟူတိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲ ဇန်နဝါရီလ(၁၈)ရက်နေ့ စမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ (၆)နှစ်ဝန်းကျင်အကြာ မကျင်းပဖြစ်ခဲ့သည့် လားဟူတိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော်အား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ ပြန်လည် ကျင်းပမည်ဖြစ်သည်။

"ရှမ်းရိုးမကွင်းမှာ မကျင်းပဖြစ်တာ (၆) နှစ်လောက်ရှိပြီ။ ဒီဘက်ဒေသမှာရှိတဲ့ လားဟူကျေးရွာအုပ်စုတွေမှာ အလှည့်ကျပေါ့။ ရွာတွေကလည်း တောင်းဆိုလို့။ ကျွန်တော်တို့ မိုင်းဟဲအုပ်စု၊ ပန်ကူ၊ ပန်နယ်၊ တာလေ၊ ပါဘီး၊ ရေပူစမ်းရွာ အဲဒီလို အလှည့်ကျလုပ်တယ်။ ဒါက တာချီလိတ်မြို့နယ်ထဲပေါ့။ မိုင်းဖြတ်ကလည်း သူ့မြို့နယ်အလိုက် သူလုပ်တယ်။ ကျိုင်းတုံကလည်း သူ့ဘာသာ လုပ်တယ်။ မိုင်းဆတ်ကလည်း သူ့ဘာသာလုပ်တယ်"

ဟု လားဟူတိုင်းရင်းသားရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီမှ ဦးဟန်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းရိုးမကွင်းတွင် ကျင်းပမည့် (၁၇) ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တွင် ကံစမ်းမဲ အစီအစဉ်များ၊ လားဟူရိုးရာ မြေဝိုင်းအက၊ ရိုးရာဂျင်ပေါက်ပြိုင်ပွဲနှင့် ဂုံညှင်းဒိုးပစ်ပြိုင်ပွဲစသည့် ရိုးရာအားကစားနည်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တွင် လားဟူရိုးရာအဆိုတော်များအပြင် Myanmar Idol Season-4 မှ အက်စ်တာ၊ တန်ခွန်ကျော်၊ မူးလာ၊ နော်စေးစေးထူးနှင့် တရုတ်နိုင်ငံမှ လားဟူရိုးရာ အဆို၊ အကအဖွဲ့များမှလည်း လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - လားဟူ ယဉ်ကျေးမှု

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~