ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်အတွင်းမှ ICE (၆၆၀) ကီလို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်အတွင်းမှ ICE (၆၆၀) ကီလို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ
ဒီဇင်ဘာ 11, 2019
By Tachileik News Agency

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်အတွင်းမှ ICE (၆၆၀) ကီလိုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၉) ရက်နေ့ ည (၈) နာရီအချိန်တွင် ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ဖုန်းသတင်းအရ ပူးပေါင်းအဖွဲ့များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ပါရမီလမ်းမပေါ်တွင် မသင်္ကာဖွယ်ရပ်တန့်ထားသည့် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်၏ရှေ့ခန်းနှင့် ယာဉ်မောင်း ထိုင်ခုံအနောက်ဖက်ရှိ ဆာလာအိတ်အတွင်းမှ Ice အလေးချိန် (၆၆ဝ) ကီလိုကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းရမိသည့် ICE များနှင့်ပတ်သက်ပြီး ပိတောက်ချောင်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ပိုင်ရှင်ဖြစ်သူအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~