သြစတြေးလျနိုင်ငံသား ကမ္ဘာလှည့် ၄ ဦးအဖွဲ့ တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာ

သြစတြေးလျနိုင်ငံသား ကမ္ဘာလှည့် ၄ ဦးအဖွဲ့ တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာ
နိုဝင်ဘာ 30, 2019
By Tachileik News Agency
သြစတြေးလျနိုင်ငံသား ကမ္ဘာလှည့် ၄ ဦးအဖွဲ့ တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာ

သြစတြေးလျနိုင်ငံသား (၄)ဦးအဖွဲ့သည် မော်တော်ယာဉ် (၂)စီး၊ ဆိုင်ကယ် (၁)စီးဖြင့် မြန်မာနိုင်ငံတွင်း (၉)ရက်ကြာ လည်ပတ်ပြီးနောက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှနေ၍ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်သို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့က ထွက်ခွာသွားသည်။

အဆိုပါ ကမ္ဘာလှည့်ခရီးသွားအဖွဲ့သည် မြန်မာနိုင်ငံတွင်းသို့ အိန္ဒိယနိုင်ငံနှင့်နယ်စပ်ဖြစ်သည့် တမူးမြို့မှ နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ဝင်ရောက်လာခြင်းဖြစ်ပြီး နိုဝင်ဘာလ (၃၀)ရက်နေ့တွင် မြန်မာနိုင်ငံမှ ထွက်ခွာရန်ဖြစ်သော်လည်း တစ်ရက်စော၍ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)သို့ ရောက်လာသည့် သြစတြေးလျနိုင်ငံသားအဖွဲ့ကို မြန်မာနိုင်ငံတွင်းမှ ထွက်ခွာနိုင်ရန် အတွက် လိုအပ်သည်များကို ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် သက်ဆိုင်ရာဌာနများက ကူညီပေးကြသည်ကို တွေ့ရသည်။

အဆိုပါ သြစတြေးလျနိုင်ငံသားအဖွဲ့သည် တမူး - ဂန့်ဂေါ - မုံရွာ - ပုဂံ - မန္တလေး - ပင်းတယ - အင်းလေး - နမ့်စန် - ကျိုင်းတုံ - တာချီလိတ် လမ်းကြောင်းအတိုင်း မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် လည်ပတ်ခဲ့ကြပြီး ထိုင်းနိုင်ငံဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~