ထိုင်းဘဏ်စနစ်အပြောင်းအလဲနှင့်ပတ်သက်၍ ထိုင်းဘဏ်လုပ်ငန်းဆိုင်ရာအဖွဲ့က တာချီလိတ်မှ လုပ်ငန်းရှင်များအား လာရောက်တွေ့ဆုံ

ထိုင်းဘဏ်စနစ်အပြောင်းအလဲနှင့်ပတ်သက်၍ ထိုင်းဘဏ်လုပ်ငန်းဆိုင်ရာအဖွဲ့က တာချီလိတ်မှ လုပ်ငန်းရှင်များအား လာရောက်တွေ့ဆုံ
အောက်တိုဘာ 12, 2019
By Tachileik News Agency
ထိုင်းဘဏ်စနစ်အပြောင်းအလဲနှင့်ပတ်သက်၍ ထိုင်းဘဏ်လုပ်ငန်းဆိုင်ရာအဖွဲ့က တာချီလိတ်မှ လုပ်ငန်းရှင်များအား လာရောက်တွေ့ဆုံ

ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့က စတင်၍ ဘဏ်ငွေလွှဲခြင်းဆိုင်ရာ အပြောင်းအလဲ အချို့ကြောင့် တာချီလိတ်ဘက်မှ ထိုင်းဘဏ်များနှင့် ဆက်စပ်လုပ်ကိုင်နေသည့် ပမာဏလျော့ကျလာသဖြင့် ထိုင်းနိုင်ငံမှ ဘဏ်လုပ်ငန်းဆိုင်ရာအဖွဲ့များက တာချီလိတ်မှ လုပ်ငန်းရှင်များထံ လာရောက်တွေ့ဆုံသည်။

ထိုင်းနိုင်ငံတွင် ငွေမည်းခဝါချမှု တိုက်ဖျက်ရေးအဖွဲ့အနဖြေင့် ဘဏ်ငွေလွှဲခြင်းဆိုင်ရာ အချက်အလက်များအား စစ်ဆေးခွင့်ပြုလိုက်ပြီးနောက် တာချီလိတ်ဘက်မှ ထိုင်းဘဏ်များနှင့် ဆက်စပ်လုပ်ကိုင်သည့် ငွေကြေးပမာဏ လျော့ကျလာသည့် အတွက် လုပ်ငန်းရှင်များအနဖြေင့် ဘဏ်များနှင့်ချိတ်ဆက်လုပ်ကိုင်ရသည့် အခက်အခဲများအား သိရှိနိုင်ရန်နှင့် ပြောင်းလဲလိုက်သည့်စနစ်တို့ကို ရှင်းလင်းရန် လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံနဲ့ စီးပွားရေး ဆက်လက်လုပ်ကိုင်ချင်တာပေါ့။ အရောင်းအဝယ်တွေရော၊ စီးပွားရေးအတွက်ရော လာတွေ့တာပေါ့။ လက်ရှိက နည်းသွားတဲ့အတွက် ဘာတွေအခက်အခဲရှိနေလဲဆိုတာ သူတို့အကြီးအကဲတွေ ကိုယ်တိုင် စီးပွားရေးလုပ်ငန်းရှင်တွေကို လာမေးတာပေါ့"ဟု နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်း (တာချီလိတ်)မှ အတွင်းရေးမှူး ဒေါ်နန်းစင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံရှိ ခရိုင်(၁၇) ခုမှ ဘဏ်အဖွဲ့အစည်းခေါင်းဆောင်များက တာချီလိတ်ဘက်မှ နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများ အသင်း (တာချီလိတ်)မှ အသင်းဝင်များ၊ CB ဘဏ်၊ အင်းဝဘဏ်နှင့် ငွေလဲလုပ်ငန်းရှင်များကို မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁) အနီးရှိ ရွှေနန်းတော်ကုန်တိုက်တွင် အောက်တိုဘာ (၁၁) ရက်နေ့ နေ့လယ် (၁) နာရီက လာရောက်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဘတ် (၅)သောင်းနှင့်အထက် e – bank မှ ငွေလွှဲများအား စစ်ဆေးမည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး၏ မူကြမ်းကို အစိုးရအဖွဲ့အစည်းအဝေးက ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်များအား ထောက်ပံ့မှုများကို ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာစံနှုန်းများဖြင့် တိုင်းတာပါက ထိုင်းနိုင်ငံအနဖြေင့် လုပ်ဆောင်ရမည့်ကိစ္စရပ် (၁၇)ခုကို လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း တွေ့ရသဖြင့် ယင်းကဲ့သို့ အတည်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ထုိင္းဘဏ္စနစ္အေျပာင္းအလဲႏွင့္ပတ္သက္၍ ထုိင္းဘဏ္လုပ္ငန္းဆုိင္ရာအဖြဲ႕က တာခ်ီလိတ္မွ လုပ္ငန္းရွင္မ်ားအား လာေရာက္ေတြ႔ဆံု

ထိုင္းႏိုင္ငံတြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၁) ရက္ေန႔က စတင္၍ ဘဏ္ေငြလႊဲျခင္းဆုိင္ရာ အေျပာင္းအလဲ အခ်ိဳ႕ေၾကာင့္ တာခ်ီလိတ္ဘက္မွ ထုိင္းဘဏ္မ်ားႏွင့္ ဆက္စပ္လုပ္ကိုင္ေနသည့္ ပမာဏေလ်ာ့က်လာသျဖင့္ ထိုင္းနိုင္ငံမွ ဘဏ္လုပ္ငန္းဆုိင္ရာအဖြဲ႕မ်ားက တာခ်ီလိတ္မွ လုပ္ငန္းရွင္မ်ားထံ လာေရာက္ေတြ႔ဆံုသည္။

ထုိင္းႏိုင္ငံတြင္ ေငြမည္းခဝါခ်မႈ တုိက္ဖ်က္ေရးအဖြဲ႕အေနျဖင့္ ဘဏ္ေငြလႊဲျခင္းဆုိင္ရာ အခ်က္အလက္မ်ားအား စစ္ေဆးခြင့္ျပဳလုိက္ၿပီးေနာက္ တာခ်ီလိတ္ဘက္မွ ထုိင္းဘဏ္မ်ားႏွင့္ ဆက္စပ္လုပ္ကိုင္သည့္ ေငြေၾကးပမာဏ ေလ်ာ့က်လာသည့္ အတြက္ လုပ္ငန္းရွင္မ်ားအေနျဖင့္ ဘဏ္မ်ားႏွင့္ခ်ိတ္ဆက္လုပ္ကိုင္ရသည့္ အခက္အခဲမ်ားအား သိရိွႏုိင္ရန္ႏွင့္ ေျပာင္းလဲလိုက္သည့္စနစ္တုိ႔ကို ရွင္းလင္းရန္ လာေရာက္ေတြ႔ဆံုျခင္း ျဖစ္ေၾကာင္း သိရသည္။

"ျမန္မာႏိုင္ငံနဲ႔ စီးပြားေရး ဆက္လက္လုပ္ကိုင္ခ်င္တာေပါ့။ အေရာင္းအဝယ္ေတြေရာ၊ စီးပြားေရးအတြက္ေရာ လာေတြ႕တာေပါ့။ လက္ရိွက နည္းသြားတဲ့အတြက္ ဘာေတြအခက္အခဲရိွေနလဲဆိုတာ သူတို႔အႀကီးအကဲေတြ ကိုယ္တိုင္ စီးပြားေရးလုပ္ငန္းရွင္ေတြကို လာေမးတာေပါ့"ဟု နယ္စပ္ကုန္သြယ္ေရး ကုန္သည္ႀကီးမ်ားအသင္း (တာခ်ီလိတ္)မွ အတြင္းေရးမွဴး ေဒၚနန္းစင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထုိင္းႏိုင္ငံရိွ ခရိုင္(၁၇) ခုမွ ဘဏ္အဖြဲ႕အစည္းေခါင္းေဆာင္မ်ားက တာခ်ီလိတ္ဘက္မွ နယ္စပ္ကုန္သြယ္ေရး ကုန္သည္ႀကီးမ်ား အသင္း (တာခ်ီလိတ္)မွ အသင္းဝင္မ်ား၊ CB ဘဏ္၊ အင္းဝဘဏ္ႏွင့္ ေငြလဲလုပ္ငန္းရွင္မ်ားကို ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၁) အနီးရိွ ေရႊနန္းေတာ္ကုန္တိုက္တြင္ ေအာက္တိုဘာ (၁၁) ရက္ေန႔ ေန႔လယ္ (၁) နာရီက လာေရာက္ေတြ႕ဆံုခဲ့ၾကျခင္းျဖစ္သည္။

ထုိင္းႏုိင္ငံတြင္ ဘတ္ (၅)ေသာင္းႏွင့္အထက္ e – bank မွ ေငြလႊဲမ်ားအား စစ္ေဆးမည့္ ေငြေၾကးခဝါခ်မႈ တုိက္ဖ်က္ေရးရံုး၏ မူၾကမ္းကို အစိုးရအဖြဲ႕အစည္းအေဝးက ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ(၁)ရက္ေန႔တြင္ အတည္ျပဳေပးလုိက္ျခင္းျဖစ္သည္။

ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မ်ားအား ေထာက္ပံ့မႈမ်ားကို ကာကြယ္ထိန္းခ်ဳပ္ႏုိင္ေရးႏွင့္ပတ္သက္၍ ႏုိင္ငံတကာစံႏႈန္းမ်ားျဖင့္ တုိင္းတာပါက ထုိင္းႏုိင္ငံအေနျဖင့္ လုပ္ေဆာင္ရမည့္ကိစၥရပ္ (၁၇)ခုကို လုပ္ေဆာင္ႏုိင္ျခင္းမရိွေၾကာင္း ေတြ႔ရသျဖင့္ ယင္းကဲ့သို႔ အတည္ျပဳေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net