ေက်ာင္းေနအရြယ္ကေလးမ်ား စားသံုးသူအခြင့္အေရး သိရိွေစေရး လားရိႈး အထက(၈)တြင္ စားသံုးသူေရးရာဦးစီးဌာနက အသိပညာေပး

ေက်ာင္းေနအရြယ္ကေလးမ်ား စားသံုးသူအခြင့္အေရး သိရိွေစေရး လားရိႈး အထက(၈)တြင္ စားသံုးသူေရးရာဦးစီးဌာနက အသိပညာေပး
စက်တင်ဘာ 26, 2019
By Tachileik News Agency
ေက်ာင္းသားေက်ာင္းသူမ်ားကိုယ္တုိင္ စားသံုးသူအခြင့္အေရးမ်ား နားလည္သိရိွေစေရးအတြက္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရွိူးျမိဳ႕ရွိ အမွတ္(၈) အေျခခံပညာအထက္တန္းေက်ာင္းတြင္ စားသုံးသူ ကာကြယ္ေရးႏွင့္ ထုတ္ကုန္မ်ား လုံၿခဳံစိတ္ခ်ရမႈ ရွိေစေရးဆိုင္ရာ အသိပညာေပးေဟာေျပာျခင္းကို စားသံုးသူေရးရာဦးစီးဌာနက ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၆) ရက္ေန႔တြင္ ေဆာင္ရြက္သည္။

“ကုန္အညႊန္းအမွတ္အသားမွာ ပါဝင္ရမယ့္အခ်က္ေတြကို ၂၀၂၀ မတ္လ (၁၅) ရက္ေန႔ ေနာက္ပိုင္းဆိုရင္ အေရးယူရေတာ့မွာျဖစ္လုိ႔ ဒီအေၾကာင္းကို အသိပညာေပးေနတာ။ အခုလက္ရိွေတာ့ ကုန္အညႊန္း အမွတ္အသား မျပည့္စံုတာေတြကို ေတြ႔ေနရတုန္း။ အဓိက ကေတာ့ ဘယ္ႏုိင္ငံကပဲ ထုတ္ထုတ္ ထားသိုပံု၊ သံုးစြဲပံုအညႊန္း၊ ေဘးထြက္ဆိုးက်ိဳးေတြ ပါရမယ္။ ေဘးထြက္ဆိုးက်ိဳးဆိုတာ ဥပမာအားျဖင့္ ဒါက ဆီးခ်ိဳသမား စားလုိ႔မရဘူး စသျဖင့္ေပါ့။ လိုအပ္တဲ့ပစၥည္းတုိင္းမွာ ပါရမယ္။ သံုးစြဲပံုအညႊန္းေတြကို ျမန္မာလိုပါရေတာ့မယ္။ ႏုိင္ငံျခားက သြင္းလာတာေတြ ျမန္မာစာနဲ႔ေဖၚျပရေတာ့မယ္။ အနည္းဆံုး ေဟာေျပာပြဲလုပ္ရင္း ကေလးေတြက အစ ဒါေတြကို နားလည္ေအာင္ ရွင္းျပတာျဖစ္တယ္။ ေက်ာင္းသားေက်ာင္းသူ ကေလးေတြကအစ ကုန္ပစၥည္းေတြ ေရြးခ်ယ္ဝယ္ယူတတ္ေစဖုိ႔ ေသခ်ာရွင္းလင္းေနတာျဖစ္ပါတယ္”ဟု လားရိႈးခရိုင္ စားသံုးသူေရးရာဦးစီးဌာနမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၂၀ မတ္လ (၁၅) ရက္ေန႔မွစ၍ ဥပေဒသက္ဝင္မည့္ စားသံုးသူအကာအကြယ္ေပးေရးဥပေဒအရ မည္သည့္ကုန္စည္ အမ်ိဳးအစားမဆို ျပည္ပမွတင္သြင္းသည္ျဖစ္ေစ၊ ျပည္တြင္းထုတ္ျဖစ္ေစ ကုန္ပစၥည္းမ်ား၏ ကုန္အမွတ္တံဆိပ္၊ ထုတ္လုပ္သူ၏လိပ္စာ၊ သက္ဆုိင္ရာဌာနအဖြဲ႕အစည္း၏ ေထာက္ခံစာ၊ ထုတ္လုပ္ႏွင့္ သက္တမ္းကုန္ဆံုးရက္စြဲမ်ား မျဖစ္မေနပါဝင္ရမည္ျဖစ္ကာ ျမန္မာဘာသာျဖင့္ ေဖၚျပထားရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေဟာေျပာပြဲသို႔ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ေက်ာင္းက်န္းမာေရးအဖြဲ႕မ်ား၊ ေက်ာင္းမုန္႔ေစ်း ဆိုင္ရွင္မ်ားအား စားသုံးသူေရးရာဦးစီးဌာန လားရိႈးခရိုင္ဦးစီးမွဴး ဦးသန္းစိုးႏွင့္ ဝန္ထမ္းမ်ားက စားသုံးသူ ကာကြယ္ေရးအသိပညာေပးျခင္းႏွင့္ ထုတ္ကုန္မ်ားလုံျခဳံစိတ္ခ်ရမွူရွိေစေရး ကြင္းဆင္းစစ္ေဆး အသိပညာေပးျခင္းမ်ားကို နံနက္ (၁၀)နာရီခြဲမွ ေန႔လယ္ (၁၂)နာရီအထိ ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

ျပစ္မႈျပစ္ဒဏ္မ်ားပါဝင္လာသည့္ စားသံုးသူအကာအကြယ္ေပးေရးဥပေဒႏွင့္ပတ္သက္၍ အသိပညာေပးျခင္းမ်ားကို စားသံုးသူေရးရာဦးစီးဌာနက ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၅) ရက္ေန႔အထိ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Than Soe




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကျောင်းသားကျောင်းသူများကိုယ်တိုင် စားသုံးသူအခွင့်အရေးများ နားလည်သိရှိစေရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိူးမြို့ရှိ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူ ကာကွယ်ရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို စားသုံးသူရေးရာဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် ဆောင်ရွက်သည်။

“ကုန်အညွှန်းအမှတ်အသားမှာ ပါဝင်ရမယ့်အချက်တွေကို ၂၀၂၀ မတ်လ (၁၅) ရက်နေ့ နောက်ပိုင်းဆိုရင် အရေးယူရတော့မှာဖြစ်လို့ ဒီအကြောင်းကို အသိပညာပေးနေတာ။ အခုလက်ရှိတော့ ကုန်အညွှန်း အမှတ်အသား မပြည့်စုံတာတွေကို တွေ့နေရတုန်း။ အဓိက ကတော့ ဘယ်နိုင်ငံကပဲ ထုတ်ထုတ် ထားသိုပုံ၊ သုံးစွဲပုံအညွှန်း၊ ဘေးထွက်ဆိုးကျိုးတွေ ပါရမယ်။ ဘေးထွက်ဆိုးကျိုးဆိုတာ ဥပမာအားဖြင့် ဒါက ဆီးချိုသမား စားလို့မရဘူး စသဖြင့်ပေါ့။ လိုအပ်တဲ့ပစ္စည်းတိုင်းမှာ ပါရမယ်။ သုံးစွဲပုံအညွှန်းတွေကို မြန်မာလိုပါရတော့မယ်။ နိုင်ငံခြားက သွင်းလာတာတွေ မြန်မာစာနဲ့ဖော်ပြရတော့မယ်။ အနည်းဆုံး ဟောပြောပွဲလုပ်ရင်း ကလေးတွေက အစ ဒါတွေကို နားလည်အောင် ရှင်းပြတာဖြစ်တယ်။ ကျောင်းသားကျောင်းသူ ကလေးတွေကအစ ကုန်ပစ္စည်းတွေ ရွေးချယ်ဝယ်ယူတတ်စေဖို့ သေချာရှင်းလင်းနေတာဖြစ်ပါတယ်”ဟု လားရှိုးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၂၀ မတ်လ (၁၅) ရက်နေ့မှစ၍ ဥပဒေသက်ဝင်မည့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ မည်သည့်ကုန်စည် အမျိုးအစားမဆို ပြည်ပမှတင်သွင်းသည်ဖြစ်စေ၊ ပြည်တွင်းထုတ်ဖြစ်စေ ကုန်ပစ္စည်းများ၏ ကုန်အမှတ်တံဆိပ်၊ ထုတ်လုပ်သူ၏လိပ်စာ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်း၏ ထောက်ခံစာ၊ ထုတ်လုပ်နှင့် သက်တမ်းကုန်ဆုံးရက်စွဲများ မဖြစ်မနေပါဝင်ရမည်ဖြစ်ကာ မြန်မာဘာသာဖြင့် ဖော်ပြထားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းကျန်းမာရေးအဖွဲ့များ၊ ကျောင်းမုန့်ဈေး ဆိုင်ရှင်များအား စားသုံးသူရေးရာဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများက စားသုံးသူ ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှူရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများကို နံနက် (၁၀)နာရီခွဲမှ နေ့လယ် (၁၂)နာရီအထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပြစ်မှုပြစ်ဒဏ်များပါဝင်လာသည့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့်ပတ်သက်၍ အသိပညာပေးခြင်းများကို စားသုံးသူရေးရာဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Than Soe 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net