တာခ်ီလိတ္မွ ခ်စ္ၾကည္ေရးတံတားကိုျဖတ္၍ သယ္ေဆာင္သြားသည့္ ဘိန္းစိမ္းမ်ားကို မယ္ဆုိင္ဘက္တြင္ ဖမ္းမိ

တာခ်ီလိတ္မွ ခ်စ္ၾကည္ေရးတံတားကိုျဖတ္၍ သယ္ေဆာင္သြားသည့္ ဘိန္းစိမ္းမ်ားကို မယ္ဆုိင္ဘက္တြင္ ဖမ္းမိ
သြဂုတ် 6, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားအမွတ္(၁)မွ ျဖတ္သန္းသြားသည့္ သံုးဘီးဆုိင္ကယ္တစ္စီးကို ထုိင္းနို္င္ငံ မယ္ဆိုင္ဘက္ျခမ္းရိွ အေကာက္ခြန္ႏွင့္ပူးေပါင္းအဖြဲ႕က X – Ray ျဖင့္စစ္ေဆးရာ ဘိန္းစိမ္း (၂၅.၅)ကီလိုဂရမ္ကို ဖမ္းမိေၾကာင္း သိရသည္။

ၾသဂုတ္လ (၆)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ တံတားမွ ျဖတ္သန္းလာသည့္ သံုးဘီးယာဥ္အားစစ္ေဆးရာ အထုပ္အပိုးမ်ားျဖင့္လုိက္ပါလာသည့္ အမ်ိဳးသမီး (၃)ဦးကိုေတြ႔ရၿပီး အထုပ္အပိုးမ်ားႏွင့္သံုးဘီးယာဥ္အား X – Ray စက္ျဖင့္ စစ္ေဆးရာ အိတ္အမည္းေရာင္ (၃)လံုးအတြင္းမွ ဘိန္းစိမ္းမ်ားကို ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

အသက္ (၄၀)ႏွစ္အရြယ္ နန္းဖစ္၊ အသက္(၃၃)ႏွစ္အရြယ္ နန္းလုႏွင့္ အသက္ (၃၁)ဝန္းက်င္အရြယ္ နန္းေအးေလာဝ္တို႔က အဆိုပါမူးယစ္ေဆးမ်ားကို ေဒသတြင္း အာခါတစ္ဦးထံမွ လန္းပန္းခရိုင္သို႔ ပို႔ေဆာင္ေပးျခင္းျဖစ္ေၾကာငး္သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူဖမ္းမိသည့္ အမ်ိဳးသမီး (၃)ဦးကို ထုိင္းရဲတပ္ဖြဲ႕က စစ္ေဆးေနေၾကာင္း သိရသည္။
ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးတံတားမွ ျဖတ္သန္းသည့္ လူႏွင့္ကုန္စည္မ်ားအား ထုိင္းႏုိင္ငံဘက္ျခမ္းတြင္ X -Ray စက္ျဖင့္ စစ္ေဆးျခင္းျဖစ္ေသာ္လည္း ျမန္မာဘက္ျခမ္းတြင္ စက္ပစၥည္းမ်ား သံုးစြဲႏုိင္ျခင္းမရိွေသးဘဲ ျမန္မာဘက္မွ သယ္ေဆာင္သြားသည့္ တရားမဝင္ပစၥည္းမ်ားကို ထုိင္းႏုိင္ငံ မယ္ဆုိင္ဘက္တြင္ ဖမ္းဆီးရမိေလ့ရိွသည္ကို ေတြ႔ရသည္။

Tachileik News Agency
Ref: Chiangmai News

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မှ ချစ်ကြည်ရေးတံတားကိုဖြတ်၍ သယ်ဆောင်သွားသည့် ဘိန်းစိမ်းများကို မယ်ဆိုင်ဘက်တွင် ဖမ်းမိ
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)မှ ဖြတ်သန်းသွားသည့် သုံးဘီးဆိုင်ကယ်တစ်စီးကို ထိုင်းနို်င်ငံ မယ်ဆိုင်ဘက်ခြမ်းရှိ အကောက်ခွန်နှင့်ပူးပေါင်းအဖွဲ့က X – Ray ဖြင့်စစ်ဆေးရာ ဘိန်းစိမ်း (၂၅.၅)ကီလိုဂရမ်ကို ဖမ်းမိကြောင်း သိရသည်။

သြဂုတ်လ (၆)ရက်နေ့ နေ့လယ်ပိုင်းတွင် တံတားမှ ဖြတ်သန်းလာသည့် သုံးဘီးယာဉ်အားစစ်ဆေးရာ အထုပ်အပိုးများဖြင့်လိုက်ပါလာသည့် အမျိုးသမီး (၃)ဦးကိုတွေ့ရပြီး အထုပ်အပိုးများနှင့်သုံးဘီးယာဉ်အား X – Ray စက်ဖြင့် စစ်ဆေးရာ အိတ်အမည်းရောင် (၃)လုံးအတွင်းမှ ဘိန်းစိမ်းများကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အသက် (၄၀)နှစ်အရွယ် နန်းဖစ်၊ အသက်(၃၃)နှစ်အရွယ် နန်းလုနှင့် အသက် (၃၁)ဝန်းကျင်အရွယ် နန်းအေးလောဝ်တို့က အဆိုပါမူးယစ်ဆေးများကို ဒေသတွင်း အာခါတစ်ဦးထံမှ လန်းပန်းခရိုင်သို့ ပို့ဆောင်ပေးခြင်းဖြစ်ကြောငး်သိရသည်။
မူးယစ်ဆေးများနှင့်အတူဖမ်းမိသည့် အမျိုးသမီး (၃)ဦးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ ဖြတ်သန်းသည့် လူနှင့်ကုန်စည်များအား ထိုင်းနိုင်ငံဘက်ခြမ်းတွင် X -Ray စက်ဖြင့် စစ်ဆေးခြင်းဖြစ်သော်လည်း မြန်မာဘက်ခြမ်းတွင် စက်ပစ္စည်းများ သုံးစွဲနိုင်ခြင်းမရှိသေးဘဲ မြန်မာဘက်မှ သယ်ဆောင်သွားသည့် တရားမဝင်ပစ္စည်းများကို ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် ဖမ်းဆီးရမိလေ့ရှိသည်ကို တွေ့ရသည်။

Tachileik News Agency
Ref: Chiangmai News

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net