တာခ်ီလိတ္ၿမိဳ႕ ပါလွ်ံမီးပြိဳင့္လမ္းဆံုတစ္ေလွ်ာက္ လမ္းဧရိယာႏွင့္မလြတ္သည့္ ေဘးဘယ္ညာမွ ေနအိမ္ႏွင့္ ဆုိင္ခန္းအမိုးမ်ားကို ပိုင္ရွင္မ်ား၏ ပူးေပါင္းပါ၀င္မႈျဖင့္ ဖယ္ရွားကာ လုပ္ငန္းေဆာင္ရြက္ေန

တာခ်ီလိတ္ၿမိဳ႕ ပါလွ်ံမီးပြိဳင့္လမ္းဆံုတစ္ေလွ်ာက္ လမ္းဧရိယာႏွင့္မလြတ္သည့္ ေဘးဘယ္ညာမွ ေနအိမ္ႏွင့္ ဆုိင္ခန္းအမိုးမ်ားကို ပိုင္ရွင္မ်ား၏ ပူးေပါင္းပါ၀င္မႈျဖင့္ ဖယ္ရွားကာ လုပ္ငန္းေဆာင္ရြက္ေန
သြဂုတ် 13, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕ကို ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးအတြက္  ၿမိဳ႕တြင္းလမ္းမ်ား တိုးခ်ဲ႕ရန္ လမ္းဧရိယာႏွင့္မလြတ္သည့္ လမ္းေဘးအိမ္မ်ားႏွင့္ ဆုိင္ခန္းမ်ား၏ တိုးခ်ဲ႕အမိုးမ်ားအား ရွင္းလင္းေပးရန္ ေနအိမ္၊ ဆုိင္ခန္းပိုင္ရွင္မ်ားက ပူးေပါင္းေဆာင္ရြက္ၾကေၾကာင္း သိရသည္။

"အဓိက ကေတာ့ စည္ပင္သာယာေကာ္မတီနဲ႔ သက္ဆိုင္ရာ အိမ္ရွင္ေတြ၊ ဆိုင္ရွင္ေတြနဲ႔ ေတြ႕ဆံုၿပီးေတာ့ ညိႇႏိႈင္းခိုင္းပါတယ္။ လမ္းနဲ႔မလြတ္တဲ့ အိမ္အမိုးေတြဖယ္ဖို႔ သူတို႔ကိုရွင္းျပတယ္။ ေမတၱာရပ္ခံတယ္။ ၿမိဳ႕ရဲ႕ အက်ိဳးအတြက္၊ ေနာင္လာေနာက္သားေတြအတြက္ အက်ိဳးရိွမယ့္ကိစၥမွာ ပူးေပါင္းကူညီေဆာင္ရြက္ေပးဖို႔၊  အကုန္လံုးကလည္း လိုလိုလားလားနဲ႔ ကူညီေပးၾကပါတယ္။ ဒီလမ္းနဲ႔မလြတ္တာက အိမ္ေတြ၊ ဆိုင္ေတြတင္ မဟုတ္ပါဘူး။ ဓါတ္မီးတိုင္ေတြရိွတယ္။ ဆက္သြယ္ေရးတိုင္ေတြရိွတယ္။ ေနာက္ မီးပြိဳင့္ေတြက အစ ေရႊ႕ရမွာေပါ့" ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လမ္းမ်ားတိုးခ်ဲ႕ၿပီးေနာက္ ယာဥ္သြားလာမႈမ်ားသည့္ လမ္းမ်ားတြင္ မီးပိြဳင့္အခ်က္ျပျခင္းကို ေစာင့္ဆုိင္းရန္မလုိသည့္ အလြတ္ေကြ႔ေၾကာ (Free Lane) မ်ား ထားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"တာခ်ီလိတ္မွာ ယာဥ္အသြားအလာ မ်ားလာတယ္။ ယာဥ္စီးေရထူထပ္လာေတာ့ နဂိုရိွတဲ့လမ္းထက္ကို ခ်ဲ႕ဖို႔ လိုအပ္လာတာေပါ့။ ခ်ဲ႕ဖို႔ဆိုေတာ့ ေလာေလာဆယ္ လိုအပ္တာက ရန္ပံုေငြဆိုေတာ့ ခ်ဲ႕မယ့္လုပ္ငန္းကို အရင္ဆံုး ကြင္းဆင္းၾကည့္တယ္။ ေနာက္စီမံကိန္းေရးဆြဲၿပီးေတာ့ ဘတ္ဂ်က္တြက္တယ္။ ၿပီးရင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ စည္ပင္ဝန္ႀကီးဆီ တင္ျပမွာျဖစ္ပါတယ္"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္းလမ္းမ်ားတြင္ အလြတ္ေကြ႔ေၾကာ (Free Lane)မ်ား ထပ္တိုးသတ္မွတ္ေပးမည္ျဖစ္ရာ မယ္ယန္းဘက္မွ ၿမိဳ႕အဝင္ ေဟာင္လိတ္လမ္းဆံုဘက္ ယာဥ္ေၾကာ၊ တာခ်ီလိတ္ၿမိဳ႕တြင္းမွ ေလယာဥ္ကြင္းဘက္ ယာဥ္ေၾကာ၊ ပါလွ်ံမီးပိြဳင့္မွ ပါလွ်ံတရုတ္ဘံုေက်ာင္းဘက္ယာဥ္ေၾကာ၊ ၿမိဳ႕တြင္းမွ ပါလွ်ံတရုတ္ဘံုေက်ာင္းဘက္သြားရာလမ္း ယာဥ္ေၾကာ၊ ေဟာင္လိတ္ဘက္မွ ၿမိဳ႕တြင္းဘက္ယာဥ္ေၾကာတုိ႔အား အလြတ္ေကြ႔ေၾကာ (Free Lane) မ်ား သတ္မွတ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္းလမ္းမ်ား တိုးခ်ဲ႕ျခင္းလုပ္ငန္း ပထမအဆင့္ကို ၂၀၁၉ ခုႏွစ္၊ ေမလ ပထမပတ္က စတင္ေနျခင္းျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့ကို မြို့ပြဖွံ့ဖြိုးရေးအတွက် မြို့တွင်းလမ်းများ တိုးချဲ့ရန် လမ်းဧရိယာနှင့်မလွတ်သည့် လမ်းဘေးအိမ်များနှင့် ဆိုင်ခန်းများ၏ တိုးချဲ့အမိုးများအား ရှင်းလင်းပေးရန် နေအိမ်၊ ဆိုင်ခန်းပိုင်ရှင်များက ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

"အဓိက ကတော့ စည်ပင်သာယာကော်မတီနဲ့ သက်ဆိုင်ရာ အိမ်ရှင်တွေ၊ ဆိုင်ရှင်တွေနဲ့ တွေ့ဆုံပြီးတော့ ညှိနှိုင်းခိုင်းပါတယ်။ လမ်းနဲ့မလွတ်တဲ့ အိမ်အမိုးတွေဖယ်ဖို့ သူတို့ကိုရှင်းပြတယ်။ မေတ္တာရပ်ခံတယ်။ မြို့ရဲ့ အကျိုးအတွက်၊ နောင်လာနောက်သားတွေအတွက် အကျိုးရှိမယ့်ကိစ္စမှာ ပူးပေါင်းကူညီဆောင်ရွက်ပေးဖို့၊ အကုန်လုံးကလည်း လိုလိုလားလားနဲ့ ကူညီပေးကြပါတယ်။ ဒီလမ်းနဲ့မလွတ်တာက အိမ်တွေ၊ ဆိုင်တွေတင် မဟုတ်ပါဘူး။ ဓာတ်မီးတိုင်တွေရှိတယ်။ ဆက်သွယ်ရေးတိုင်တွေရှိတယ်။ နောက် မီးပွိုင့်တွေက အစ ရွှေ့ရမှာပေါ့" ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းများတိုးချဲ့ပြီးနောက် ယာဉ်သွားလာမှုများသည့် လမ်းများတွင် မီးပွိုင့်အချက်ပြခြင်းကို စောင့်ဆိုင်းရန်မလိုသည့် အလွတ်ကွေ့ကြော (Free Lane) များ ထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မှာ ယာဉ်အသွားအလာ များလာတယ်။ ယာဉ်စီးရေထူထပ်လာတော့ နဂိုရှိတဲ့လမ်းထက်ကို ချဲ့ဖို့ လိုအပ်လာတာပေါ့။ ချဲ့ဖို့ဆိုတော့ လောလောဆယ် လိုအပ်တာက ရန်ပုံငွေဆိုတော့ ချဲ့မယ့်လုပ်ငန်းကို အရင်ဆုံး ကွင်းဆင်းကြည့်တယ်။ နောက်စီမံကိန်းရေးဆွဲပြီးတော့ ဘတ်ဂျက်တွက်တယ်။ ပြီးရင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီးဆီ တင်ပြမှာဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

တာချီလိတ်မြို့တွင်းလမ်းများတွင် အလွတ်ကွေ့ကြော (Free Lane)များ ထပ်တိုးသတ်မှတ်ပေးမည်ဖြစ်ရာ မယ်ယန်းဘက်မှ မြို့အဝင် ဟောင်လိတ်လမ်းဆုံဘက် ယာဉ်ကြော၊ တာချီလိတ်မြို့တွင်းမှ လေယာဉ်ကွင်းဘက် ယာဉ်ကြော၊ ပါလျှံမီးပွိုင့်မှ ပါလျှံတရုတ်ဘုံကျောင်းဘက်ယာဉ်ကြော၊ မြို့တွင်းမှ ပါလျှံတရုတ်ဘုံကျောင်းဘက်သွားရာလမ်း ယာဉ်ကြော၊ ဟောင်လိတ်ဘက်မှ မြို့တွင်းဘက်ယာဉ်ကြောတို့အား အလွတ်ကွေ့ကြော (Free Lane) များ သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်းလမ်းများ တိုးချဲ့ခြင်းလုပ်ငန်း ပထမအဆင့်ကို ၂၀၁၉ ခုနှစ်၊ မေလ ပထမပတ်က စတင်နခြေင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net