တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် နေ့စဉ် သွေးလိုအပ်ချက် (၁၀)ပုလင်း အနည်းဆုံးရှိနေ၍ သွေးအလှူရှင်များ လာရောက် လှူဒါန်းနိုင်
တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် နေ့စဉ် သွေးလိုအပ်ချက် (၁၀)ပုလင်း အနည်းဆုံးရှိနေ၍ သွေးအလှူရှင်များ လာရောက် လှူဒါန်းနိုင်
သွဂုတျ 3, 2019
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် နေ့စဉ်သွေးလိုအပ်ချက်အနေဖြင့်  (၁၀) ပုလင်းအနည်းဆုံးရှိနေသည့်အတွက် သွေးလှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် ဆေးရုံသို့ လာရောက်ကာ ကြိုတင်လှူဒါန်းထားနိုင်ကြောင်း သိရသည်။
သွေးလှူဒါန်းချင်သူများအနေဖြင့် တာချီလိတ်ခရိုင်ဆေးရုံကြီးရှိ သွေးလှူဌာနတွင် လာရောက်လှူဒါန်းနိုင်ပြီး၊ သွေးလှူဒါန်းရန်အတွက် သိရှိလိုသည်များကိုလည်း ဓါတ်ခွဲခန်းမှူး ဦးသိန်းရွှေ၏ ဖုန်း-၀၉ ၄၅၈၀၃၃၄၅၉ သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် နေ့စဉ်သွေးလိုအပ်ချက်အနဖြေင့် (၁၀) ပုလင်းအနည်းဆုံးရှိနေသည့်အတွက် သွေးလှူဒါန်းလိုသည့် အလှူရှင်များအနဖြေင့် ဆေးရုံသို့ လာရောက်ကာ ကြိုတင်လှူဒါန်းထားနိုင်ကြောင်း သိရသည်။
"ခွဲစိတ်ဆောင်ရှိတယ်။ အရိုးဆောင်ရှိတယ်။ မွေးလူနာဆောင်ရှိတယ်။ ဖျားနာဆောင်ရှိတယ်။ ကလေးဆောင်ရှိတယ်။ သွေးလိုအပ်ချက်ကတော့ရှိတာပေါ့။ လူနာရှင်တွေက တောင်ပေါ်ဒေသတွေကများတယ်။ တာချီလိတ်မြို့ပေါ်ကနည်းတယ်။ ကျွန်တော်တို့ သွေးလိုအပ်ရင် MPT တို့၊ လူမှုရေးအသင်းအဖွဲ့တွဖြေစ်တဲ့ ရွှေတာချီလူမှုရေးအသင်းတို့၊ အလင်းရောင်ပရဟိတအသင်းတို့၊ ဂေါ်ရခါးလူမှုကူညီရေးအသင်းတို့၊ မဇ္ဈိမလူမှုကူညီရေးအသင်းတို့ သူတို့ပေးထားတဲ့ဖုန်းနံပတ်တွေကို ဆက်သွယ်ပြီးတော့ သူတို့လှူဒါန်းမှုနဲ့ အဆင်ပြေအောင်လုပ်နေရတယ်ပေါ့။ တစ်နေ့အနည်းဆုံး အဆောင်တွေက (၂) လုံးလောက်တော့ တောင်းနေတာပေါ့။ (၅) ဆောင်ရှိတယ်ဆိုတော့ (၁၀) လုံးပေါ့။ အဲဒါအနည်းဆုံးပဲ။ တခါတလေ (၁၅) လုံးပေါ့။ ကျွန်တော်တို့မေးတယ် တာချီလိတ်ကဆိုရင် မြို့ပေါ်မှာ အသိတွေနဲ့ ရှာဖွကြေည့်ပေးပေါ့။ ကျွန်တော်တို့ တာလေကပါ၊ မိုင်းပါလျှိုးကပါ၊ ကျိုင်းလပ်ကပါ၊ မိုင်းလင်းကပါဆိုရင် ကျွန်တော်တို့ဓာတ်ခွဲခန်းကနေ ရှာဖွေပေးရတာပေါ့"ဟု ဓာတ်ခွဲခန်းမှူး ဦးသိန်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သွေးလှူဒါန်းချင်သူများအနဖြေင့် တာချီလိတ်ခရိုင်ဆေးရုံကြီးရှိ သွေးလှူဌာနတွင် လာရောက်လှူဒါန်းနိုင်ပြီး၊ သွေးလှူဒါန်းရန်အတွက် သိရှိလိုသည်များကိုလည်း ဓာတ်ခွဲခန်းမှူး ဦးသိန်းရွှေ၏ ဖုန်း-ဝ၉ ၄၅၈၀၃၃၄၅၉ သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net