ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၁၆)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာ

ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၁၆)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာ
ဇွန် 18, 2019
By Tachileik News Agency
ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိုင္ငံသား (၁၆)ဦးကို ၂၀၁၉ခုႏွစ္ ဇြန္လ(၁၈)ရက္ေန႔ ညေနပိုင္းက  တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္းေပးလာသည္။

"တံတားကေန သြားတာ။ မယ္ဆိုင္အထြက္မွာပဲ အဖမ္းခံလိုက္ရတာ။ ပတ္စပို႔စ္မပါ အခ်ဳပ္ထဲမွာ (၂) ညအိပ္ေနခဲ့ရတယ္"ဟု ရွမ္းျပည္နယ္ေတာင္ပိုင္းမွ အမ်ိဳးသမီးတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လႊဲေျပာင္းေပးအပ္လာသည့္ (၁၆) ဦးတြင္ အမ်ိဳးသား (၈) ဦးႏွင့္ အမ်ိဳးသမီး (၈) ဦးတို႔ပါဝင္ၿပီး ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ အမ်ိဳးသား (၁) ဦး၊ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ အမ်ိဳးသား (၇) ဦးႏွင့္ အမ်ိဳးသမီး (၇) ဦး၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ အမ်ိဳးသမီး (၁) ဦး ပါဝင္ေၾကာင္း သိရသည္။

"မိုင္းဆတ္ဘက္ကေနသြားတာ။ ကားနဲ႔သြားတာေပါ့။ ကၽြန္ေတာ္တို႔အဖြဲ႕ (၁၀) ေယာက္သြားတာ။ ျမန္မာႏိုင္ငံကိုျပန္လာတဲ့အခ်ိန္ အဖမ္းခံရတာ။ ကၽြန္ေတာ္တစ္ေယာက္ထဲ အဖမ္းခံရတာ။ က်န္တဲ့သူေတြ မပါဘူး"ဟု ရွမ္းျပည္နယ္ေတာင္ပိုင္းမွ အမ်ိဳးသားတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းႏိုင္ငံ မယ္ဆိုင္လဝက မွ တာဝန္ရွိသူမ်ားက လႊဲေျပာင္းေပးလာရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

ယခုလို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာမႈမ်ားအျဖစ္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇြန္လ(၁၈)ရက္ေန႔အထိ အမ်ဳိးသား(၆၁၆)ဦး ႏွင့္ အမ်ဳိးသမီး (၂၉၂)ဦး အျပင္ ကေလးငယ္ (၃၂)ဦး စုစုေပါင္း (၉၄၀)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၆)ဦးကို ၂၀၁၉ခုနှစ် ဇွန်လ(၁၈)ရက်နေ့ ညနေပိုင်းက တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာသည်။

"တံတားကနေ သွားတာ။ မယ်ဆိုင်အထွက်မှာပဲ အဖမ်းခံလိုက်ရတာ။ ပတ်စပို့စ်မပါ အချုပ်ထဲမှာ (၂) ညအိပ်နေခဲ့ရတယ်"ဟု ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွှဲပြောင်းပေးအပ်လာသည့် (၁၆) ဦးတွင် အမျိုးသား (၈) ဦးနှင့် အမျိုးသမီး (၈) ဦးတို့ပါဝင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အမျိုးသား (၁) ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား (၇) ဦးနှင့် အမျိုးသမီး (၇) ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ အမျိုးသမီး (၁) ဦး ပါဝင်ကြောင်း သိရသည်။

"မိုင်းဆတ်ဘက်ကနေသွားတာ။ ကားနဲ့သွားတာပေါ့။ ကျွန်တော်တို့အဖွဲ့ (၁၀) ယောက်သွားတာ။ မြန်မာနိုင်ငံကိုပြန်လာတဲ့အချိန် အဖမ်းခံရတာ။ ကျွန်တော်တစ်ယောက်ထဲ အဖမ်းခံရတာ။ ကျန်တဲ့သူတွေ မပါဘူး"ဟု ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ မယ်ဆိုင်လဝက မှ တာဝန်ရှိသူများက လွှဲပြောင်းပေးလာရာတွင် မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

ယခုလို တာချီလိတ်သို့ လွှဲပြောင်းပေးလာမှုများအဖြစ် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၁၈)ရက်နေ့အထိ အမျိုးသား(၆၁၆)ဦး နှင့် အမျိုးသမီး (၂၉၂)ဦး အပြင် ကလေးငယ် (၃၂)ဦး စုစုပေါင်း (၉၄၀)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net