စက္သံုးဆီအေရာင္းဆိုင္မ်ားအား ပထမဦးဆံုးအႀကိမ္ အျဖစ္ လားရႈိးၿမိဳ႕တြင္ ပူးေပါင္းစစ္ေဆး

စက္သံုးဆီအေရာင္းဆိုင္မ်ားအား ပထမဦးဆံုးအႀကိမ္ အျဖစ္ လားရႈိးၿမိဳ႕တြင္ ပူးေပါင္းစစ္ေဆး
ဖေဖော်ဝါရီ 2, 2019
By Tachileik News Agency

႐ွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕တြင္ စက္သံုးဆီအေရာင္းဆိုင္မ်ားအား ပထမဦးဆံုးအႀကိမ္အျဖစ္ အခ်ိန္အတြယ္ႏွင့္ အရည္အေသြး စစ္ေဆးျခင္းကို ၂၀၁၉ ခုနွစ္ ေဖေဖၚဝါရီလ (၁)ရက္ေန႔က စတင္၍ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“အဓိက ကေတာ့ အခ်ိန္တြယ္ ျပည့္မွီမႈရိွ မရိွ လီတာ (၂၀)ဆန္႔တဲ့ စံခြက္နဲ႔ တိုင္းတာ စစ္ေဆးတယ္။  ၿပီးေတာ့ အရည္အေသြး ျပည့္မွီမႈရိွမရိွ ကိုေတာ့ နမူနာေတြယူ ခ်ိတ္ပိတ္ၿပီး ရန္ကုန္ကိုပို႔ၿပီး စစ္ေဆးမွာပါ။ ပထမဦးဆံုး အႀကိမ္အျဖစ္ ဆိုင္ႀကီး (၅)ဆိုင္ကို စစ္ေဆးၿပီးပါၿပီ၊ က်န္တဲ့ဆိုင္ေတြကိုလည္း ထပ္ၿပီး စစ္ေဆးသြားဖို႔ ရိွပါတယ္”ဟု စားသံုးသူေရးရာ ဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမႈးရံုး မွ ဒုတိယျပည္နယ္ ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပထမေန႔တြင္ ဆီဆုိင္(၅)ဆုိင္ကို စစ္ေဆးႏုိင္ခဲ့ၿပီး ယင္းကဲ့သို႔စစ္ေဆးရာ အခ်ိန္အတြယ္ မျပည့္သည့္ဆုိင္မ်ား ေတြ႕ရိွပါက သတိေပးျခင္းျပဳလုပ္မည္ျဖစ္ကာ ဒုတိယအႀကိမ္ ထပ္မံေတြ႕ရိွပါက အေရးယူ သြားမည္ျဖစ္ေၾကာင္းသိရသည္။

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ရဲတပ္ဖြဲ႔၊ မီးသတ္တပ္္ဖြဲ႕၊ စည္ပင္သာယာေရးဌာန၊ စားသံုးသူေရးရာဦးစီးဌာန၊ ျမန္မာ့ေရနံထြက္ကုန္ပစၥည္းေရာင္းဝယ္ေရးဌာနတုိ႔မွ တာဝန္ရိွသူမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးရာတြင္  စက္သံုးဆီဆိုင္မ်ား အေနျဖင့္ သတ္မွတ္ စည္းကမ္းမ်ားအတိုင္း မီးသတ္ေဆးဗူးမ်ား ထားရိွျခင္း ရိွမရိွ အပါအဝင္ မီးေဘး လံုျခံဳေရးအတြက္ လိုအပ္ခ်က္မ်ား ရိွမရိွကိုလည္း စစ္ေဆးခဲ့ေၾကာငး္ သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - စားသံုးသူ​ေရးရာ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စက်သုံးဆီအရောင်းဆိုင်များအား ပထမဦးဆုံးအကြိမ်အဖြစ် အချိန်အတွယ်နှင့် အရည်အသွေး စစ်ဆေးခြင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့က စတင်၍ လုပ်ဆောင်နေကြောင်း သိရသည်။

“အဓိက ကတော့ အချိန်တွယ် ပြည့်မှီမှုရှိ မရှိ လီတာ (၂၀)ဆန့်တဲ့ စံခွက်နဲ့ တိုင်းတာ စစ်ဆေးတယ်။ ပြီးတော့ အရည်အသွေး ပြည့်မှီမှုရှိမရှိ ကိုတော့ နမူနာတွေယူ ချိတ်ပိတ်ပြီး ရန်ကုန်ကိုပို့ပြီး စစ်ဆေးမှာပါ။ ပထမဦးဆုံး အကြိမ်အဖြစ် ဆိုင်ကြီး (၅)ဆိုင်ကို စစ်ဆေးပြီးပါပြီ၊ ကျန်တဲ့ဆိုင်တွေကိုလည်း ထပ်ပြီး စစ်ဆေးသွားဖို့ ရှိပါတယ်”ဟု စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှုးရုံး မှ ဒုတိယပြည်နယ် ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပထမနေ့တွင် ဆီဆိုင်(၅)ဆိုင်ကို စစ်ဆေးနိုင်ခဲ့ပြီး ယင်းကဲ့သို့စစ်ဆေးရာ အချိန်အတွယ် မပြည့်သည့်ဆိုင်များ တွေ့ရှိပါက သတိပေးခြင်းပြုလုပ်မည်ဖြစ်ကာ ဒုတိယအကြိမ် ထပ်မံတွေ့ရှိပါက အရေးယူ သွားမည်ဖြစ်ကြောင်းသိရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ရေနံထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရာတွင် စက်သုံးဆီဆိုင်များ အနဖြေင့် သတ်မှတ် စည်းကမ်းများအတိုင်း မီးသတ်ဆေးဗူးများ ထားရှိခြင်း ရှိမရှိ အပါအဝင် မီးဘေး လုံခြုံရေးအတွက် လိုအပ်ချက်များ ရှိမရှိကိုလည်း စစ်ဆေးခဲ့ကြောငး် သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စားသုံးသူ​ရေးရာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~