လြတ္လပ္ေရးေန႔က Arakan Army ၏ ၀င္ေရာက္တိုက္ခိုက္မႈေၾကာင့္ က်ဆံုးခဲ့ရသည့္ ရဲတပ္ဖြဲ႔ဝင္မ်ားအတြက္ က်န္ရစ္သူ မိသားစုမ်ားကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔က ေထာက္ပံ့ေငြေပးအပ္

လြတ္လပ္ေရးေန႔က Arakan Army ၏ ၀င္ေရာက္တိုက္ခိုက္မႈေၾကာင့္ က်ဆံုးခဲ့ရသည့္ ရဲတပ္ဖြဲ႔ဝင္မ်ားအတြက္ က်န္ရစ္သူ မိသားစုမ်ားကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔က ေထာက္ပံ့ေငြေပးအပ္
ဇန်နဝါရီ 6, 2019
By Tachileik News Agency
ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ရိွ နယ္ေျမရဲကင္းစခန္း (၄)ခု ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၄ ရက္ေန႔က
တုိက္ခုိက္ခံရမႈေၾကာင့္ က်ဆံုးခဲ့သည့္ ရဲတပ္ဖြဲ႕ဝင္ (၁၃) ဦး၏ မိသားစုမ်ားကို ႏွစ္သိမ့္အားေပးျခင္းႏွင့္ ေထာက္ပံ့ေငြေပးအပ္ျခင္းကို သက္ဆုိင္ရာရဲတပ္ဖြဲ႕မ်ားက ဇန္နဝါရီလ(၅)ရက္ေန႔က သြားေရာက္ ေဆာင္ရြက္ေပးေၾကာင္း သိရသည္။

က်ဆံုးရဲတပ္ဖြဲ႕ဝင္မ်ား၏ က်န္ရစ္သူမိသားစုအား သြားေရာက္ေတြ႔ဆံုႏွစ္သိမ့္ၿပီး ျမန္မာႏုိင္ငံက ရဲတပ္ဖြဲ႕က ေထာက္ပံ့ေပးသည့္ ေငြက်ပ္ (၁၀)သိန္းဆီကို ေပးအပ္ရာ မေကြးတိုင္းေဒသႀကီး၊ ဒုတိယတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ခင္ေမာင္လတ္ဦးစီးသည့္ တပ္ဖြဲ႕ဝင္မ်ားက မေကြးၿမိဳ႕ရိွ ရဲမႉး စိုင္းဘိုဟန္၏ က်န္ရစ္သူ မိသားစုအား လည္းေကာင္း၊ ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးမွ ရဲမႉး သက္ႏိုင္ထြန္း ဦးစီးသည့္ တပ္ဖြဲ႕ဝင္မ်ားက ေညာင္တုန္းၿမိဳ႕ရိွ ဒုတိယရဲအုပ္ ျမင့္လြင္၏ က်န္ရစ္သူမိသားစုအား လည္းေကာင္း၊ ကယားျပည္နယ္ရဲတပ္ဖြဲ႕မႉး႐ုံးမွ ဦးစီးအရာရွိ(ပထမတန္း) ဒုတိယရဲမႉးႀကီး တင္ေ႐ႊဦးစီးသည့္ တပ္ဖြဲ႕ဝင္မ်ားက လြိဳင္ေကာ္ၿမိဳ႕ရိွ ရဲတပ္သား ကိုကိုလတ္၏ က်န္ရစ္သူမိသားစုအားလည္းေကာင္း အသီးသီး သြားေရာက္ေပးအပ္ၾကၿပီး  က်ိဳင္းတံုၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး သန္းေဌး ဦးေဆာင္သည့္အဖြဲ႕က က်ိဳင္းတုံၿမိဳ႕နယ္၊ ေနာင္လ်န္(၂)ေက်း႐ြာရိွ ရဲတပ္သား ဖားဖာ့၏ က်န္ရစ္သူ မိသားစုမ်ားအား ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ေထာက္ပံ့သည့္ ေငြက်ပ္(၁၀)သိန္းအျပင္ ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕မွ ေထာက္ပံ့သည့္ ေငြက်ပ္(၅)သိန္း၊ ေတာင္ႀကီးခ႐ိုင္ ရဲတပ္ဖြဲ႕မွ ေထာက္ပံ့သည့္ ေငြက်ပ္(၂)သိန္းတို႔ကိုပါ ေပးအပ္ခဲ့ေၾကာင္း သိရသည္။

နယ္ေျမ(၁၀)၊ အမွတ္(၃)နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ခြဲ ကြပ္ကဲမႈေအာက္ရွိ ရဲကင္းစခန္း(၄)ခုျဖစ္သည့္ ဘူးသီးေတာင္ၿမိဳ႕နယ္ရိွ ငျမင္းေဘာ္ ရဲကင္းစခန္းအား Arakan Army (AA)အင္အား (၁၀၀)ဦးခန္႔ျဖင့္လည္းေကာင္း၊ ေက်ာင္းေတာင္ရဲကင္းစခန္းအား AA အင္အား(၁၀၀)ဦးခန႔္မွ လည္းေကာင္း၊ ဂုပၸိရဲကင္းစခန္းအား AA အင္အား(၅၀)ဦးခန႔္ျဖင့္ လည္းေကာင္း၊ ခထီးလွရဲကင္းစခန္းအား AA အင္အား(၁၀၀)ဦးခန႔္ျဖင့္ လည္းေကာင္း ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၄) ရက္ေန႔ နံနက္ (၆) နာရီခြဲဝန္းက်င္တြင္ ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါတိုက္ခိုက္မႈအတြင္း ဘူးသီးေတာင္ၿမိဳ႕နယ္ရိွ ခထီးလွရဲကင္းစခန္းမွ ရဲတပ္သား သန္႔ဇင္မင္း၊ ရဲတပ္သား ဖားဖာ့၊ ေက်ာင္းေတာင္ရဲကင္းစခန္းမွ ရဲမွဴး စိုင္းဘိုဟန္၊ ရဲတပ္ၾကပ္ႀကီး တင္ထြန္းေအာင္၊ ငျမင္းေဘာ္ရဲကင္းစခန္းမွ ဒုရဲအုပ္ ျမင့္လြင္၊ ရဲတပ္ၾကပ္ မာန္လ်န္းဇမ္၊ ရဲဒုတပ္ၾကပ္ ေအာင္ေဌး၊ ရဲဒုတပ္ၾကပ္ ထြန္းလွ၊ ရဲဒုတပ္ၾကပ္(မဲ့) သန္းေရႊဦး၊ ရဲတပ္ၾကပ္ မ်ိဳးျမင့္၊ ရဲတပ္သား ဂိုးခန္႔ေပါင္၊ ရဲတပ္သား ျမတ္ေက်ာ္ၿငိမ္း၊ ရဲတပ္သား ကိုကိုလတ္တို႔ က်ဆံုးခဲ့ျခင္းျဖစ္သည္။

အဆိုပါလုပ္ရပ္သည္ ရခိုင္ျပည္နယ္၏ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားအတြက္ အေျခအေနမ်ားကို ပိုမိုရႈပ္ေထြးေစႏိုင္ျခင္း၊ ျပည္သူမ်ား၏ အသက္အိုးအိမ္စည္းစိမ္ကို ဆုံးရႈံးေစျခင္း၊ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို မ်ားစြာ ထိခိုက္မႈျဖစ္ေစႏုိင္ျခင္း တို႔ေၾကာင့္  အၾကမ္းဖက္တိုက္ခိုက္မႈလုပ္ရပ္မ်ားကို ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႔အခြင့္ အေရး ေကာ္မရွင္အေနျဖင့္ ျပင္းထန္စြာ ျပစ္တင္ရႈတ္ခ်ေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၆)ရက္ေန႔တြင္ သတင္းထုတ္ျပန္ထားသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔

~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ နယ်မြေရဲကင်းစခန်း (၄)ခု ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က
တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် (၁၃) ဦး၏ မိသားစုများကို နှစ်သိမ့်အားပေးခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့များက ဇန်နဝါရီလ(၅)ရက်နေ့က သွားရောက် ဆောင်ရွက်ပေးကြောင်း သိရသည်။

ကျဆုံးရဲတပ်ဖွဲ့ဝင်များ၏ ကျန်ရစ်သူမိသားစုအား သွားရောက်တွေ့ဆုံနှစ်သိမ့်ပြီး မြန်မာနိုင်ငံက ရဲတပ်ဖွဲ့က ထောက်ပံ့ပေးသည့် ငွေကျပ် (၁၀)သိန်းဆီကို ပေးအပ်ရာ မကွေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်လတ်ဦးစီးသည့် တပ်ဖွဲ့ဝင်များက မကွေးမြို့ရှိ ရဲမှူး စိုင်းဘိုဟန်၏ ကျန်ရစ်သူ မိသားစုအား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး သက်နိုင်ထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များက ညောင်တုန်းမြို့ရှိ ဒုတိယရဲအုပ် မြင့်လွင်၏ ကျန်ရစ်သူမိသားစုအား လည်းကောင်း၊ ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ(ပထမတန်း) ဒုတိယရဲမှူးကြီး တင်ရွှေဦးစီးသည့် တပ်ဖွဲ့ဝင်များက လွိုင်ကော်မြို့ရှိ ရဲတပ်သား ကိုကိုလတ်၏ ကျန်ရစ်သူမိသားစုအားလည်းကောင်း အသီးသီး သွားရောက်ပေးအပ်ကြပြီး ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဌေး ဦးဆောင်သည့်အဖွဲ့က ကျိုင်းတုံမြို့နယ်၊ နောင်လျန်(၂)ကျေးရွာရှိ ရဲတပ်သား ဖားဖာ့၏ ကျန်ရစ်သူ မိသားစုများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ်(၁၀)သိန်းအပြင် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ်(၅)သိန်း၊ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ်(၂)သိန်းတို့ကိုပါ ပေးအပ်ခဲ့ကြောင်း သိရသည်။

နယ်မြေ(၁၀)၊ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှုအောက်ရှိ ရဲကင်းစခန်း(၄)ခုဖြစ်သည့် ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော် ရဲကင်းစခန်းအား AA အင်အား (၁၀၀)ဦးခန့်ဖြင့်လည်းကောင်း၊ ကျောင်းတောင်ရဲကင်းစခန်းအား AA အင်အား(၁၀၀)ဦးခန့်မှ လည်းကောင်း၊ ဂုပ္ပိရဲကင်းစခန်းအား AA အင်အား(၅၀)ဦးခန့်ဖြင့် လည်းကောင်း၊ ခထီးလှရဲကင်းစခန်းအား AA အင်အား(၁၀၀)ဦးခန့်ဖြင့် လည်းကောင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ နံနက် (၆) နာရီခွဲဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ဘူးသီးတောင်မြို့နယ်ရှိ ခထီးလှရဲကင်းစခန်းမှ ရဲတပ်သား သန့်ဇင်မင်း၊ ရဲတပ်သား ဖားဖာ့၊ ကျောင်းတောင်ရဲကင်းစခန်းမှ ရဲမှူး စိုင်းဘိုဟန်၊ ရဲတပ်ကြပ်ကြီး တင်ထွန်းအောင်၊ ငမြင်းဘော်ရဲကင်းစခန်းမှ ဒုရဲအုပ် မြင့်လွင်၊ ရဲတပ်ကြပ် မာန်လျန်းဇမ်၊ ရဲဒုတပ်ကြပ် အောင်ဌေး၊ ရဲဒုတပ်ကြပ် ထွန်းလှ၊ ရဲဒုတပ်ကြပ်(မဲ့) သန်းရွှေဦး၊ ရဲတပ်ကြပ် မျိုးမြင့်၊ ရဲတပ်သား ဂိုးခန့်ပေါင်၊ ရဲတပ်သား မြတ်ကျော်ငြိမ်း၊ ရဲတပ်သား ကိုကိုလတ်တို့ ကျဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ရပ်သည် ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အခြေအနေများကို ပိုမိုရှုပ်ထွေးစေနိုင်ခြင်း၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဆုံးရှုံးစခြေင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို များစွာ ထိခိုက်မှုဖြစ်စေနိုင်ခြင်း တို့ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်အနဖြေင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~