တာခ်ီလိတ္တြင္ ရွမ္းတိုင္းရင္းသားမ်ားရိုးရာ ႏွစ္သစ္ကူးပြဲေတာ္ စတင္က်င္းပ

တာခ်ီလိတ္တြင္ ရွမ္းတိုင္းရင္းသားမ်ားရိုးရာ ႏွစ္သစ္ကူးပြဲေတာ္ စတင္က်င္းပ
ဒီဇင်ဘာ 5, 2018
By Tachileik News Agency

ရွမ္းတိုင္းရင္းသားမ်ား၏ ၂၁၁၃ခုႏွစ္  ရွမ္းတိုင္းရင္းသားမ်ားရိုးရာႏွစ္သစ္ကူးပြဲေတာ္အား ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ (၅)ရက္ေန႔ ည(၇)နာရီခြဲတြင္ တာခ်ီလိတ္၌ ဖြင့္ပြဲအခမ္းအနားျဖင့္  ဖြင့္လွစ္ကာ စတင္က်င္းပေနၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပြဲေတာ္ဖြင့္ပြဲအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္ ျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္း၊ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္၊ စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်) တာခ်ီလိတ္ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေအးမင္းဦး၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးဦးခ်မ္းေျမ႕ေစာ ႏွင့္ ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္ ရွမ္းတိုင္းရင္းသားမ်ား စာေပႏွင့္ယဥ္ေက်းမႈအသင္းမွ အလုပ္အမႈေဆာင္အဖြဲ႔၀င္မ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကသည္။

ရွမ္းတိုင္းရင္းသားမ်ားရိုးရာႏွစ္သစ္ကူးပြဲေတာ္အား တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္အတြင္းရွိ ရွမ္းတိုင္းရင္းသားမ်ား စာေပႏွင့္ယဥ္ေက်းမႈအသင္းပိုင္ ကြင္းျပင္တြင္ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ (၅)ရက္ေန႔ညပိုင္းက စတင္ကာ ဒီဇင္ဘာလ(၇)ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ၿပီး၊ ပြဲေတာ္ကာလအတြင္း လာေရာက္သူမ်ား ေလ့လာႏိုင္ရန္အတြက္ ရွမ္းတိုင္းရင္းသားမ်ားရိုးရာယဥ္ေက်းမႈျပခန္းကိုလည္း ထည့္သြင္းျပသထားေၾကာင္း သိရသည္။

ဆက္လက္၍ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၇)ရက္ေန႔ ညပိုင္းတြင္ ရွမ္းႏွစ္သစ္ကူးအား ႀကိဳဆိုၾကမည္ ျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - ေဇာင္းညီ ၊ ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းတိုင်းရင်းသားများ၏ ၂၁၁၃ခုနှစ် ရှမ်းတိုင်းရင်းသားများရိုးရာနှစ်သစ်ကူးပွဲတော်အား ၂၀၁၈ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့ ည(၇)နာရီခွဲတွင် တာချီလိတ်၌ ဖွင့်ပွဲအခမ်းအနားဖြင့် ဖွင့်လှစ်ကာ စတင်ကျင်းပနပြေီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးချမ်းမြေ့စော နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ် ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုအသင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှမ်းတိုင်းရင်းသားများရိုးရာနှစ်သစ်ကူးပွဲတော်အား တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်းရှိ ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုအသင်းပိုင် ကွင်းပြင်တွင် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့ညပိုင်းက စတင်ကာ ဒီဇင်ဘာလ(၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ပွဲတော်ကာလအတွင်း လာရောက်သူများ လေ့လာနိုင်ရန်အတွက် ရှမ်းတိုင်းရင်းသားများရိုးရာယဉ်ကျေးမှုပြခန်းကိုလည်း ထည့်သွင်းပြသထားကြောင်း သိရသည်။

ဆက်လက်၍ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့ ညပိုင်းတွင် ရှမ်းနှစ်သစ်ကူးအား ကြိုဆိုကြမည် ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဇောင်းညီ၊ ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~