ကယားပြည်နယ်မှ ထူးချွန်ပြီး ပညာဆက်သင်ရန် အခက်အခဲရှိသည့် နဝမတန်းနှင့် ဒဿမတန်း ကျောင်းသားများ ပညာသင်ဆု လျှောက်ထားနိုင်

ကယားပြည်နယ်မှ ထူးချွန်ပြီး ပညာဆက်သင်ရန် အခက်အခဲရှိသည့် နဝမတန်းနှင့် ဒဿမတန်း ကျောင်းသားများ ပညာသင်ဆု လျှောက်ထားနိုင်
ဒီဇငျဘာ 27, 2018
By Tachileik News Agency


အဆိုပါ ပညာသင်ဆုများကို Mawduklarmae Social Development Association (MSDA) အဖွဲ့နှင့် Child's Dream အဖွဲ့တို့ ပူးပေါင်း၍ ပေးအပ်ခြင်းဖြစ်ပြီး ပညာသင်ဆုရွေးချယ်ခံရသူများအနေဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဒီးမော့ဆိုမြို့ အခြေခံပညာ အထက်တန်း ကျောင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့  အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းများတွင် နေစရိတ်၊ စားစရိတ်၊ စာရေးကိရိယာစရိတ်ငြိမ်းဖြင့် တက်ရောက်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

 ပညာသင်ဆု လျှောက်ထားလိုသူများ အနေဖြင့် ကျောင်းသားမိသားစုနှင့် နေအိမ်ပုံပါဝင်သည့် ဓါတ်ပုံတစ်ပုံ ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာထောက်ခံစာ၊ ဆဌမတန်း အောင်မြင်သည့် အမှတ်စာရင်းမိတ္တူ နှင့်  လျှောက်လွှာတွင် ပါဝင်ရမည့် အချက်အလက်များ အပြည့်အစုံဖြင့်  ဒီးမော့ဆိုမြို့နယ်၊ ရူးဖယ်ခူရပ်ကွက်၊ ကေ့ထျိုးဘိုးလမ်း ၊ ကေ့ထျိုးဘိုးရိုးရာတံခွန်တိုင်ဝန်းရှိ မောဒူကလားမေးလူမှုဖွံ့ဖြိုးရေး အသင်းရုံးသို့ ပေးပို့ လျှောက်ထားနိုင်ပြီး [email protected] နှင့် [email protected] သို့လည်း ပေးပို့လျှောက်ထားနိုငကြောင်း သိရသည်။



MSDA Facebook Page : https://www.facebook.com/Basic-Education-High-School-Scholarship-Myanmar-BESSM-168139107056030

သတင်း - ဆန်းဖြိုးထွန်း



~~~~~~~~⊰❂Unicode Version ~~~~~~~~

ကယားပြည်နယ်မှ နဝမတန်းနှင့် ဒဿမတန်း ဆက်လက်တက်ရောက်ရန် ပညာသင်စရိတ် အခက်အခဲ ရှိနေသည့် ထူးချွန်ကျောင်းသား(၅၀) ဦးကို ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ဆုများ ရွေးချယ်မည်ဖြစ်၍ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆုများကို Mawduklarmae Social Development Association (MSDA) အဖွဲ့နှင့် Child's Dream အဖွဲ့တို့ ပူးပေါင်း၍ ပေးအပ်ခြင်းဖြစ်ပြီး ပညာသင်ဆုရွေးချယ်ခံရသူများအနဖြေင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဒီးမော့ဆိုမြို့ အခြေခံပညာ အထက်တန်း ကျောင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းများတွင် နေစရိတ်၊ စားစရိတ်၊ စာရေးကိရိယာစရိတ်ငြိမ်းဖြင့် တက်ရောက်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

 ပညာသင်ဆု လျှောက်ထားလိုသူများ အနဖြေင့် ကျောင်းသားမိသားစုနှင့် နေအိမ်ပုံပါဝင်သည့် ဓာတ်ပုံတစ်ပုံ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာထောက်ခံစာ၊ ဆဌမတန်း အောင်မြင်သည့် အမှတ်စာရင်းမိတ္တူ နှင့် လျှောက်လွှာတွင် ပါဝင်ရမည့် အချက်အလက်များ အပြည့်အစုံဖြင့် ဒီးမော့ဆိုမြို့နယ်၊ ရူးဖယ်ခူရပ်ကွက်၊ ကေ့ထျိုးဘိုးလမ်း၊ ကေ့ထျိုးဘိုးရိုးရာတံခွန်တိုင်ဝန်းရှိ မောဒူကလားမေးလူမှုဖွံ့ဖြိုးရေး အသင်းရုံးသို့ ပေးပို့ လျှောက်ထားနိုင်ပြီး [email protected] နှင့် [email protected] သို့လည်း ပေးပို့လျှောက်ထားနို်ငကြောင်း သိရသည်။

 ပညာသင်ဆု လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသေးစိတ် သိလိုပါက ဝ၈၄ - ၄၀၂၂၃ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆု အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် နဝမတန်း ကျောင်းသားကျောင်းသူ (၁၀)ဦး၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် နဝမတန်းနှင့် ဒသမတန်း ကျောင်းသားကျောင်းသူ( ၂၀)ဦးတို့ကို ပညာသင်ဆုများ ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

MSDA Facebook Page : https://www.facebook.com/Basic-Education-High-School-Scholarship-Myanmar...

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~