ဒီမော့ဆိုမြို့နယ်အတွင်း (၆)မိုင်စံပြကျေးရွာတွင် အာဏာသိမ်းအကြမ်းဖက်အဖွဲ့က လူငယ် (၅) ဦးကို ဖမ်းဆီးသွား

ဒီမော့ဆိုမြို့နယ်အတွင်း (၆)မိုင်စံပြကျေးရွာတွင် အာဏာသိမ်းအကြမ်းဖက်အဖွဲ့က လူငယ် (၅) ဦးကို ဖမ်းဆီးသွား
မေ 20, 2021 | ကယား

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် (၆) မိုင်စံပြကျေးရွာ၊ ကယောပိုင်းတွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၀) ရက်နေ့ ညနေ (၃)နာရီကျော်ဝန်းကျင်တွင် အာဏာသိမ်းအဖွဲ့၏  စစ်တပ်နှင့်ရဲအဖွဲ့က လူငယ် (၅) ဦးကို နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားကြောင်း  သိရသည်။

လမ်းရှင်းပြီး​တေ့ာ ရွာထဲကိုဝင်တာ ။ ခြံတံခါးတွေပါ ရိုက်ဖျက်ပြီး အိမ်ထဲထိဝင်ဖမ်းတယ်။ (၅) ယောက်ပါသွားတယ်။

ဟု အဆိုပါ ကျေးရွာရှိ ရွာသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ဒေသခံများ၏ ပြောကြားချက်အရ စစ်ကား (၅)စီးဖြင့် ရောက်လာတာ နေအိမ်ခြံတံခါးများ ရိုက်ဖျက်၍ သပိတ်ဦးဆောင်သူ (၁)ဦးနှင့် ရွာသား (၄)ဦးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မေလ (၂၀)ရက်နေ့ နံနက်ပိုင်းမှစ၍ အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်အဖွဲ့များက ဒီးမော့ဆိုမြို့နယ်တွင်းရှိ ရပ်ကွက် ၊ ကျေးရွာများသို့လှည့်လည်၍ လူထုလုံခြုံရေးအတားအဆီးများကို ဖြိုဖျက်ပြီး လူငယ်များကိုလည်း လိုက်လံ ဖမ်းဆီးမှုများ လုပ်​ဆောင်နေကြောင်းသိရသည်။