နမ့္ခမ္းၿမိဳ႕တြင္းမွ ဖမ္းေခၚသြားသည့္ အမ်ိဳးသမီးကို ေဘးကင္းစြာ ျပန္လႊတ္ေပးရန္ ေဒသခံ ၁၀၀၀၀ ေက်ာ္က TNLA ကို ဆႏၵထုတ္ေဖၚ

နမ့္ခမ္းၿမိဳ႕တြင္းမွ ဖမ္းေခၚသြားသည့္ အမ်ိဳးသမီးကို ေဘးကင္းစြာ ျပန္လႊတ္ေပးရန္ ေဒသခံ ၁၀၀၀၀ ေက်ာ္က TNLA ကို ဆႏၵထုတ္ေဖၚ
စက်တင်ဘာ 17, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ခရိုင္ နမ့္ခမ္းၿမိဳ႕မွ မနန္းမိုဟြမ္အား TNLA က ဖမ္းဆီးေခၚေဆာင္ထားမႈ တစ္လျပည့္သည့္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၇)ရက္ေန႔ နံနက္ (၈)နာရီမွစတင္၍ ေဒသခံအင္အား (၁၀၀၀၀)ေက်ာ္က မနန္းမိုဟြမ္အား ေကာင္းမြန္စြာျပန္လႊတ္ေပးေရး ဆႏၵထုတ္ေဖၚမႈ ျပဳလုပ္ၾကသည္။

“အဓိကကေတာ့ မနန္းမိုဟြမ္ကို အျမန္ဆံုးေကာင္းမြန္စြာ ျပန္လႊတ္ေပးေရးအတြက္ ဆႏၵထုတ္ေဖၚတာပါ။ သူ႔မိသားစုအတြက္ စာနာေသာအားျဖင့္ရယ္ တိုင္းရင္းသားအခ်င္းခ်င္းၾကားမွာ ဒီထက္ပိုၿပီး စိတ္ဝမ္းကြဲ စရာေတြ မျဖစ္လာေစဖို႔ရယ္ အျမန္ဆံုးျပန္လႊတ္ေပးေစလိုပါတယ္။ ၿပီးေတာ့ ဒီလို အတင္းဝင္ေရာက္ဖမ္းဆီး တာမ်ိဳး ထပ္မျဖစ္ေစလိုပါဘူး။ ဘယ္လက္နက္ကိုင္တပ္ဖြဲ႔ပဲျဖစ္ျဖစ္ ျပည္သူကိုကာကြယ္ဖို႔ပဲ ျဖစ္သင့္ပါတယ္ ” ဟု မနန္းမိုဟြမ္ ျပန္လည္လြတ္ေျမာက္ေရးအတြက္ ဆႏၵျပမႈျဖစ္ေျမာက္ေရးအဖြဲ႔၏ ေခါင္းေဆာင္တစ္ဦးျဖစ္သူ ကိုစိုင္းသိန္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ေဒသခံမ်ားသည္ နမ့္ခမ္းၿမိဳ႕ ျပည္သူ႔ေဆးရံုေတာင္ေျခမွ နမ့္ခမ္းၿမိဳ႕လယ္ဘုရားအနီးသို႔ ဗြီႏိုင္းမ်ား ကိုင္ေဆာင္ကာ ေၾကြးေၾကာ္သံမ်ားျဖင့္ စီတန္းလွည့္လည္ၾကျခင္းျဖစ္သည္။

“TNLA ကိုလည္း ေျပာခ်င္တာက ဒီထက္ပိုၿပီး အခ်ိိန္ၾကာေအာင္ဖမ္းဆီးထားမယ္ဆိုရင္ နန္းမိုဟြမ္ရဲ႕ မိသားစု အတြက္ စိတ္ဒဏ္ရာျဖစ္သြားေစမွာကို စိုးရိမ္တယ္။ ျပည္သူလူထုအၾကားထဲမွာလည္း တအာင္းနဲ႔ ရွမ္း အျမင္ မၾကည္မလင္ ပိုဆိုးသြားမွာကို စိုးရိမ္တယ္။ သူတို႔က ျပည္သူရဲ့အသံကို ေလးစားစာနာေထာက္ထားမယ္ဆိုရင္ ေတာ့ အျမန္ဆံုးလႊတ္ေပးေစလိုပါတယ္ ” ဟု ကိုစိုင္းသိန္းေရႊက ေျပာသည္။

အဆိုပါဆႏၵထုတ္ေဖၚမႈျဖစ္ေျမာက္ေစေရးအတြက္  နမ့္ခမ္းၿမိဳ႕မွ တိုင္းရင္းသားအဖြဲ႔အစည္းမ်ား၊ ရပ္ရြာအသင္းအဖြ႔ဲမ်ား ညိႇႏိႈင္းေဆြးေႏြးၿပီးေနာက္ ဆႏၵထုတ္ေဖၚမႈအား ဦးေဆာင္မည့္သူ (၅)ဦးကို သေဘာတူညီခ်က္ျဖင့္ ေရြးခ်ယ္ကာ စီစဥ္လုပ္ေဆာင္ခဲ့ၾကျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ဆႏၵထုတ္ေဖၚမႈသို႔ မူဆယ္ၿမိဳ႕၊ ဆယ္လန္႔ေက်းရြာ၊ နမ့္ခမ္းၿမိဳ႕ႏွင့္ ကခ်င္ျပည္နယ္ မန္စီၿမိဳ႕နယ္တုိ႔မွလည္း ပူးေပါင္းပါဝင္ၾကကာ သက္ဆုိင္ရာထံ ခြင့္ျပဳခ်က္တင္ျပေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရၿပီး နမ့္ခမ္းၿမိဳ႕မရဲတပ္ဖြဲ႔က လံုၿခံဳေရးေဆာင္ရြက္ေပးသည္ကို ေတြ႔ရသည္။

နမ့္ခမ္းၿမိဳ႕ ဟိုေနာင္ရပ္ကြက္ရိွေနအိမ္တြင္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၁၇) ရက္ေန႔ နံနက္ပိုင္းက မနန္းမိုဟြမ္အား TNLA က လက္နက္ကိုင္အဖြဲ႕ျဖင့္ ဝင္ေရာက္ဖမ္းဆီးသြားခဲ့ၿပီး ၎တို႔ဖမ္းဆီးထားျခင္းျဖစ္ေၾကာင္းကိုလည္း TNLA က သတင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု- စိုင္းသိန္းေရႊ( နမ့္ခမ္းလူငယ္မ်ားကြန္ယက္)

~~~~~~~~⊰❂ unicode ~~~~~~~~
နမ့်ခမ်းမြို့တွင်းမှ ဖမ်းခေါ်သွားသည့် အမျိုးသမီးကို ဘေးကင်းစွာ ပြန်လွှတ်ပေးရန် ဒေသခံ ၁၀၀၀၀ ကျော်က TNLA ကို ဆန္ဒထုတ်ဖေါ်
***************
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် နမ့်ခမ်းမြို့မှ မနန်းမိုဟွမ်အား TNLA က ဖမ်းဆီးခေါ်ဆောင်ထားမှု တစ်လပြည့်သည့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့ နံနက် (၈)နာရီမှစတင်၍ ဒေသခံအင်အား (၁၀၀၀၀)ကျော်က မနန်းမိုဟွမ်အား ကောင်းမွန်စွာပြန်လွှတ်ပေးရေး ဆန္ဒထုတ်ဖေါ်မှု ပြုလုပ်ကြသည်။

“အဓိကကတော့ မနန်းမိုဟွမ်ကို အမြန်ဆုံးကောင်းမွန်စွာ ပြန်လွှတ်ပေးရေးအတွက် ဆန္ဒထုတ်ဖေါ်တာပါ။ သူ့မိသားစုအတွက် စာနာသောအားဖြင့်ရယ် တိုင်းရင်းသားအချင်းချင်းကြားမှာ ဒီထက်ပိုပြီး စိတ်ဝမ်းကွဲ စရာတွေ မဖြစ်လာစေဖို့ရယ် အမြန်ဆုံးပြန်လွှတ်ပေးစေလိုပါတယ်။ ပြီးတော့ ဒီလို အတင်းဝင်ရောက်ဖမ်းဆီး တာမျိုး ထပ်မဖြစ်စေလိုပါဘူး။ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ပဲဖြစ်ဖြစ် ပြည်သူကိုကာကွယ်ဖို့ပဲ ဖြစ်သင့်ပါတယ် ” ဟု မနန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက် ဆန္ဒပြမှုဖြစ်မြောက်ရေးအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုစိုင်းသိန်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသခံများသည် နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံတောင်ခြေမှ နမ့်ခမ်းမြို့လယ်ဘုရားအနီးသို့ ဗွီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည်ကြခြင်းဖြစ်သည်။

“TNLA ကိုလည်း ပြောချင်တာက ဒီထက်ပိုပြီး အချိန်ကြာအောင်ဖမ်းဆီးထားမယ်ဆိုရင် နန်းမိုဟွမ်ရဲ့ မိသားစု အတွက် စိတ်ဒဏ်ရာဖြစ်သွားစေမှာကို စိုးရိမ်တယ်။ ပြည်သူလူထုအကြားထဲမှာလည်း တအာင်းနဲ့ ရှမ်း အမြင် မကြည်မလင် ပိုဆိုးသွားမှာကို စိုးရိမ်တယ်။ သူတို့က ပြည်သူရဲ့အသံကို လေးစားစာနာထောက်ထားမယ်ဆိုရင် တော့ အမြန်ဆုံးလွှတ်ပေးစေလိုပါတယ် ” ဟု ကိုစိုင်းသိန်းရွှေက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖေါ်မှုဖြစ်မြောက်စေရေးအတွက်  နမ့်ခမ်းမြို့မှ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ရပ်ရွာအသင်းအဖွ့ဲများ ညှိနှိုင်းဆွေးနွေးပြီးနောက် ဆန္ဒထုတ်ဖေါ်မှုအား ဦးဆောင်မည့်သူ (၅)ဦးကို သဘောတူညီချက်ဖြင့် ရွေးချယ်ကာ စီစဉ်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဆန္ဒထုတ်ဖေါ်မှုသို့ မူဆယ်မြို့၊ ဆယ်လန့်ကျေးရွာ၊ နမ့်ခမ်းမြို့နှင့် ကချင်ပြည်နယ် မန်စီမြို့နယ်တို့မှလည်း ပူးပေါင်းပါဝင်ကြကာ သက်ဆိုင်ရာထံ ခွင့်ပြုချက်တင်ပြဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပြီး နမ့်ခမ်းမြို့မရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်ပေးသည်ကို တွေ့ရသည်။

နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်ရှိနေအိမ်တွင် ၂၀၁၈ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းက မနန်းမိုဟွမ်အား TNLA က လက်နက်ကိုင်အဖွဲ့ဖြင့် ဝင်ရောက်ဖမ်းဆီးသွားခဲ့ပြီး ၎င်းတို့ဖမ်းဆီးထားခြင်းဖြစ်ကြောင်းကိုလည်း TNLA က သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ- စိုင်းသိန်းရွှေ( နမ့်ခမ်းလူငယ်များကွန်ယက်) 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~