ေက်ာက္မဲခရိုင္အတြင္း ကၽြဲႏြားတင္လာသည့္ယာဥ္ ေသနတ္ပစ္ခံရ၍ ေသဆံုးသူ(၈)ဦးရိွလာၿပီး ပစ္ခတ္သူမ်ားကို ေဖၚထုတ္ႏုိင္ျခင္းမရိွေသး

ေက်ာက္မဲခရိုင္အတြင္း ကၽြဲႏြားတင္လာသည့္ယာဥ္ ေသနတ္ပစ္ခံရ၍ ေသဆံုးသူ(၈)ဦးရိွလာၿပီး ပစ္ခတ္သူမ်ားကို ေဖၚထုတ္ႏုိင္ျခင္းမရိွေသး
စက်တင်ဘာ 8, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေက်ာက္မဲၿမိဳ႕နယ္ ဗူးခါးေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီးတြင္ ကၽြဲတင္လာသည့္ (၁၂) ဘီးယာဥ္ (၂) စီးကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၈) ရက္ေန႔ နံနက္ (၇) နာရီ (၁၅) ခန္႔က ေသနတ္ပစ္ခံရသျဖင့္ အမိ်ဳးသား (၂) ဦး ေသဆံုးသြားရာ ေက်ာက္မဲခရိုင္အတြင္း ကၽြဲ၊ႏြားတင္လာသည့္ ကားမ်ားကို ေသနတ္ပစ္ခံရ၍ ေသဆံုးသူ (၈)ဦးအထိတိုးလာသည္ကို ေတြ႔ရသည္။

“ေသနတ္ပစ္ခံရတ့ဲ ကၽြဲတင္ယာဥ္ (၂) စီးေပၚက အမိ်ဳးသား (၂) ဦးေသသြားတယ္။ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔ေတာ့ အဲဒီေနရာမွာ ေရာက္ရွိစစ္ေဆးေနတာ ေတြ႕ရတယ္”ဟု အခင္းျဖစ္ေနရာမွ ျဖတ္သန္းလာသည့္ ယာဥ္ေမာင္း တစ္ဦးျဖစ္သည့္ ကိုေနက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အပစ္ခံရသည့္ယာဥ္ႏွစ္စီးမွာ ေက်ာက္မဲၿမိဳ႕ဘက္မွ လားရႈိးၿမိဳ႕ဘက္သို႔ သြားေနစဥ္ ပစ္ခံရျခင္းျဖစ္ၿပီး ယာဥ္ေရွ႕ခန္းမွန္မ်ားကြဲ၍ လမ္းနံေဘး ထိုးက်ရပ္တန္႔ေနသည္ကို ေတြ႔ခဲ့ရေၾကာင္း အဆိုပါလမ္းပိုင္းတြင္ ျဖတ္သန္းလာသည့္ ယာဥ္ေမာင္းမ်ားက ေျပာသည္။

“ကၽြဲတင္ယာဥ္ (၂) စီး ေသနတ္ပစ္ခံရတာ ဟုတ္ပါတယ္။ ေသဆံုးသူရွိတယ္။ ျဖစ္စဥ္ကို စစ္ေဆးေနတုန္းပဲ ရွိပါေသးတယ္” ဟု ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔မွ တာဝန္ရိွသူတစ္ဦးကေျပာသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲခရိုင္၌ ၂၀၁၈ ခုႏွစ္အတြင္း ကၽြဲႏြားတင္လာသည့္ ေမာ္ေတာ္ယာဥ္မ်ားအား ေသနတ္ျဖင့္ ပစ္ခတ္မႈ စုစုေပါင္း (၇)ႀကိမ္ျဖစ္ပြားခဲ့ရာ ေသဆံုးသူ(၈)ဦးႏွင့္ ဒဏ္ရာရသူ(၉)ဦးရိွခဲ့ၿပီး အဆိုပါပစ္ခတ္မႈမ်ားအား သက္ဆုိင္ရာ ရဲတပ္ဖြဲ႕မ်ားက ေဖၚထုတ္ႏုိင္ျခင္း မရိွေသးေၾကာင္း သိရသည္။

ေက်ာက္မဲခရိုင္အတြင္း ကၽြဲႏြားတင္ေဆာင္လာသည့္ကားမ်ား ေသနတ္ပစ္ခတ္ခံရမႈမ်ားမွာ ေဖေဖၚဝါရီလ (၂၄) ရက္ေန႔က ေက်ာက္မဲၿမိဳ႕နယ္အတြင္း ေနာင္ပိန္၊ ေနာင္ပစ္ ေက်းရြာအနီးတြင္ ႏြားတင္လာသည့္ယာဥ္ ေသနတ္ပစ္ခံရ၍ အမ်ိဳးသား (၄) ဦးဒဏ္ရာရရိွျခင္း၊ မတ္လ (၁၀) ရက္ေန႔က ေက်ာက္မဲၿမိဳ႕နယ္ ပင္တိန္ႏွင့္ လြယ္လမ္းရြာၾကားတြင္ ႏြားတင္ကား(၄)စီးကို ေသနတ္ပစ္ခံရ၍ အမ်ိဳးသား(၁)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦး ေသဆံုးၿပီး အမ်ိဳးသမီး(၁)ဦး ဒဏ္ရာရရိွျခင္း၊  မတ္လ (၃၁)ရက္ေန႔က ေက်ာက္မဲခရိုင္၊ သီေပါၿမိဳ႕နယ္ ကုန္းသာေက်းရြာအုပ္စု ဆီဆံုေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ႏြားတင္လာသည့္ (၁၂) ဘီးယာဥ္ ေသနတ္ပစ္ခံရ၍ အမ်ိဳးသား(၁)ဦး ေသဆံုးျခင္း၊ ေမလ (၈) ရက္ေန႔က ေက်ာက္မဲၿမိဳ႕နယ္ ႀကံခင္းေက်းရြာအနီး ေမာင္ဖုန္းေတာင္အဆင္းတြင္ ႏြားတင္လာသည့္ ယာဥ္တစ္စီး ေသနတ္ပစ္ခံရ အမ်ိဳးသား(၁)ဦးေသဆံုးၿပီး (၂)ဦးဒဏ္ရာရျခင္း၊ ဇြန္လ (၁၁) ရက္ေန႔က ေက်ာက္မဲၿမိဳ႕နယ္ မန္တန္းေက်းရြာအနီးတြင္ ေနာင္ခ်ိဳဘက္မွ ကြဲ်၊ႏြားမ်ား တင္ေဆာင္လာသည့္ (၁၂) ဘီးယာဥ္(၅)စီးအဖြဲ႕ ေသနတ္ပစ္ခံရ၍ အမ်ိဳးသား(၂)ဦး ဒဏ္ရာရသြားျခင္း၊ ဇြန္လ (၂၈) ရက္ေန႔က ေက်ာက္မဲၿမိဳ႕နယ္ ေနာင္ပိန္ေက်းရြာႏွင့္ ပင္တိန္ေက်းရြာအၾကားတြင္ ႏြားကားေသနတ္ပစ္ခံရ၍ အမ်ိဳးသား (၂) ဦးေသဆံုးျခင္းတို႔ျဖစ္ပြားခဲ့သည္။

ယခင္က တရုတ္ႏုိင္ငံသို႔ ကၽြဲ၊ႏြားမ်ား တရားမဝင္တင္ပို႔မႈမ်ားရိွေနသျဖင့္ ကၽြဲ၊ႏြားအရွင္မ်ား ျပည္ပတင္ပို႔ခြင့္ကို စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ (၉)ရက္ေန႔တြင္ အမိန္႔ေၾကာ္ျငာစာအမွတ္ ၄၉/၁၀၁၇ ျဖင့္ ခြင့္ျပဳေပးခဲ့ၿပီးေနာက္ ၂၀၁၇ ခုႏွစ္ ႏွစ္ကုန္မွစ၍ မူဆယ္ (၁၀၅)မိုင္ကုန္သြယ္ေရးစခန္းမွေန၍ တစ္ဖက္တရုတ္ႏုိင္ငံသို႔ တရားဝင္ တင္ပို႔မႈမ်ား စတင္ခဲ့ၿပီးေနာက္ တရားဝင္ တင္ပို႔သည့္ ကၽြဲႏြားသယ္ေဆာင္သည့္ ေမာ္ေတာ္ယာဥ္မ်ားမွ ယာဥ္ေမာင္းမ်ားကို ေသနတ္ျဖင့္ ပစ္ခတ္ျခင္းမ်ား ျဖစ္ပြားေနျခင္းျဖစ္သည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕ရိွ နယ္စပ္ကုန္သြယ္ေရးစခန္းမွ တစ္ဆင့္ တရုတ္ႏုိင္ငံသို႔ ၂၀၁၈ ခုႏွစ္ ေမလ (၁)ရက္ေန႔မွ (၁၅)ရက္ေန႔အတြင္း ကၽြဲႏြားဆိတ္တင္ပို႔မႈမွ အခြန္ေငြ က်ပ္သိန္းေပါင္း (၁၇၀၀)ေက်ာ္ ရရိွေၾကာင္း မူဆယ္(၁၀၅)မုိင္ ကုန္သြယ္ေရးစခန္း၏စာရင္းမ်ားအရ သိရသည္။

သတင္း - #ေနၿဖဳိးျမင့္
ဓါတ္ပံု -ကိုေန

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲခရိုင်အတွင်း ကျွဲနွားတင်လာသည့်ယာဉ် သေနတ်ပစ်ခံရ၍ သေဆုံးသူ(၈)ဦးရှိလာပြီး ပစ်ခတ်သူများကို ဖေါ်ထုတ်နိုင်ခြင်းမရှိသေး
*************
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးတွင် ကျွဲတင်လာသည့် (၁၂) ဘီးယာဉ် (၂) စီးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့ နံနက် (၇) နာရီ (၁၅) ခန့်က သေနတ်ပစ်ခံရသဖြင့် အမျိုးသား (၂) ဦး သေဆုံးသွားရာ ကျောက်မဲခရိုင်အတွင်း ကျွဲ၊နွားတင်လာသည့် ကားများကို သေနတ်ပစ်ခံရ၍ သေဆုံးသူ (၈)ဦးအထိတိုးလာသည်ကို တွေ့ရသည်။

“သေနတ်ပစ်ခံရတဲ့ ကျွဲတင်ယာဉ် (၂) စီးပေါ်က အမျိုးသား (၂) ဦးသေသွားတယ်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တော့ အဲဒီနေရာမှာ ရောက်ရှိစစ်ဆေးနေတာ တွေ့ရတယ်”ဟု အခင်းဖြစ်နေရာမှ ဖြတ်သန်းလာသည့် ယာဉ်မောင်း တစ်ဦးဖြစ်သည့် ကိုနေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အပစ်ခံရသည့်ယာဉ်နှစ်စီးမှာ ကျောက်မဲမြို့ဘက်မှ လားရှိုးမြို့ဘက်သို့ သွားနေစဉ် ပစ်ခံရခြင်းဖြစ်ပြီး ယာဉ်ရှေ့ခန်းမှန်များကွဲ၍ လမ်းနံဘေး ထိုးကျရပ်တန့်နေသည်ကို တွေ့ခဲ့ရကြောင်း အဆိုပါလမ်းပိုင်းတွင် ဖြတ်သန်းလာသည့် ယာဉ်မောင်းများက ပြောသည်။

“ကျွဲတင်ယာဉ် (၂) စီး သေနတ်ပစ်ခံရတာ ဟုတ်ပါတယ်။ သေဆုံးသူရှိတယ်။ ဖြစ်စဉ်ကို စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်” ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၌ ၂၀၁၈ ခုနှစ်အတွင်း ကျွဲနွားတင်လာသည့် မော်တော်ယာဉ်များအား သေနတ်ဖြင့် ပစ်ခတ်မှု စုစုပေါင်း (၇)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၈)ဦးနှင့် ဒဏ်ရာရသူ(၉)ဦးရှိခဲ့ပြီး အဆိုပါပစ်ခတ်မှုများအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ဖေါ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကျောက်မဲခရိုင်အတွင်း ကျွဲနွားတင်ဆောင်လာသည့်ကားများ သေနတ်ပစ်ခတ်ခံရမှုများမှာ ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့က ကျောက်မဲမြို့နယ်အတွင်း နောင်ပိန်၊ နောင်ပစ် ကျေးရွာအနီးတွင် နွားတင်လာသည့်ယာဉ် သေနတ်ပစ်ခံရ၍ အမျိုးသား (၄) ဦးဒဏ်ရာရရှိခြင်း၊ မတ်လ (၁၀) ရက်နေ့က ကျောက်မဲမြို့နယ် ပင်တိန်နှင့် လွယ်လမ်းရွာကြားတွင် နွားတင်ကား(၄)စီးကို သေနတ်ပစ်ခံရ၍ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး သေဆုံးပြီး အမျိုးသမီး(၁)ဦး ဒဏ်ရာရရှိခြင်း၊  မတ်လ (၃၁)ရက်နေ့က ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကုန်းသာကျေးရွာအုပ်စု ဆီဆုံကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နွားတင်လာသည့် (၁၂) ဘီးယာဉ် သေနတ်ပစ်ခံရ၍ အမျိုးသား(၁)ဦး သေဆုံးခြင်း၊ မေလ (၈) ရက်နေ့က ကျောက်မဲမြို့နယ် ကြံခင်းကျေးရွာအနီး မောင်ဖုန်းတောင်အဆင်းတွင် နွားတင်လာသည့် ယာဉ်တစ်စီး သေနတ်ပစ်ခံရ အမျိုးသား(၁)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရခြင်း၊ ဇွန်လ (၁၁) ရက်နေ့က ကျောက်မဲမြို့နယ် မန်တန်းကျေးရွာအနီးတွင် နောင်ချိုဘက်မှ ကွဲျ၊နွားများ တင်ဆောင်လာသည့် (၁၂) ဘီးယာဉ်(၅)စီးအဖွဲ့ သေနတ်ပစ်ခံရ၍ အမျိုးသား(၂)ဦး ဒဏ်ရာရသွားခြင်း၊ ဇွန်လ (၂၈) ရက်နေ့က ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနှင့် ပင်တိန်ကျေးရွာအကြားတွင် နွားကားသေနတ်ပစ်ခံရ၍ အမျိုးသား (၂) ဦးသေဆုံးခြင်းတို့ဖြစ်ပွားခဲ့သည်။

ယခင်က တရုတ်နိုင်ငံသို့ ကျွဲ၊နွားများ တရားမဝင်တင်ပို့မှုများရှိနေသဖြင့် ကျွဲ၊နွားအရှင်များ ပြည်ပတင်ပို့ခွင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၉/၁၀၁၇ ဖြင့် ခွင့်ပြုပေးခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် နှစ်ကုန်မှစ၍ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးစခန်းမှနေ၍ တစ်ဖက်တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့မှုများ စတင်ခဲ့ပြီးနောက် တရားဝင် တင်ပို့သည့် ကျွဲနွားသယ်ဆောင်သည့် မော်တော်ယာဉ်များမှ ယာဉ်မောင်းများကို သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ၂၀၁၈ ခုနှစ် မေလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ကျွဲနွားဆိတ်တင်ပို့မှုမှ အခွန်ငွေ ကျပ်သိန်းပေါင်း (၁၇၀၀)ကျော် ရရှိကြောင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးစခန်း၏စာရင်းများအရ သိရသည်။

သတင်း - #နေဖြိုးမြင့်
ဓါတ်ပုံ -ကိုနေ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~