ကယားျပည္နယ္ အစုိးရအဖြဲ႕ရုံးမွ ဌာန(၅)ခုကို e – Government စနစ္ ကနဦး စမ္းသပ္ အေကာင္ အထည္ ေဖၚသြားမည္

ကယားျပည္နယ္ အစုိးရအဖြဲ႕ရုံးမွ ဌာန(၅)ခုကို e – Government စနစ္ ကနဦး စမ္းသပ္ အေကာင္ အထည္ ေဖၚသြားမည္
စက်တင်ဘာ 24, 2018
By Tachileik News Agency
ကယားျပည္နယ္ အစုိးရအဖြဲ႕ရုံးမွ ဌာန(၅)ခုကို e – Government စနစ္ ကနဦး စမ္းသပ္ အေကာင္ အထည္ ေဖၚသြားမည္ျဖစ္ၿပီး ျပည္သူ႕၀န္ေဆာင္မႈ လုပ္ငန္း ေဆာင္ရြက္သည့္ ဌာန/ အဖြဲ႕အစည္း (၁၈) ခုမွ ၀န္ထမ္း (၇၂) ဦးကို လိုအပ္သည့္ သင္တန္းမ်ား ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျပည္နယ္အစုိးရအဖြဲ႕ရုံးမွ တာ၀န္ခံမ်ား၊ e – Government လုပ္ငန္းအဖြဲ႕၊ သတင္းအခ်က္အလက္ႏွင့္ နည္းပညာ အေထာက္အကူျပဳေရး ပညာရွင္ ဦးေက်ာ္သီဟတုိ႔အေနျဖင့္ ျပည္နယ္အစုိးရအဖြဲ႕ရုံးမွ e – Government ႏွင့္ ပတ္သက္သည့္ လုပ္ငန္း ေဖာ္ေဆာင္မႈအား (၂) ရက္တာ ေလ့လာၿပီး လုပ္ငန္းေဆာင္ရြက္ႏုိင္ေရး အႀကံျပဳခ်က္မ်ား တင္ျပရမည္ျဖစ္ေၾကာင္း သိရသည္။

ျပည္နယ္အစိုးရရံုး အစည္းအေဝးခန္းမတြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၂၃)ရက္ေန႔က်င္းပသည့္ ျပည္နယ္အစိုးရ e – Government စနစ္ အေကာင္အထည္ ေဖၚေရး အစည္းအေဝးသို႔ ကယားျပည္နယ္ အစုိးရအဖြဲ႕၊ ၀န္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိ၊ လမ္းပန္းဆက္သြယ္ေရးႏွင့္ လ်ွပ္စစ္၀န္ႀကီး ဦးခင္ေမာင္ျဖဴ၊ စီမံကိန္းႏွင့္ ဘ႑ာေရး ၀န္ႀကီး ဦးေမာ္ေမာ္၊ ျပည္နယ္အစုိးရအဖြဲ႕ အတြင္းေရးမွဴး၊ ဦးခင္ေမာင္၀င္း၊ ျပည္နယ္အစုိးရအဖြဲ႕ရုံး ညႊန္ၾကားေရးမွဴး၊ ျမန္မာဆက္သြယ္ေရးလုပ္ငန္း ျပည္နယ္ဦးစီးမွဴး၊ သတင္း အခ်က္အလက္ႏွင့္ နည္းပညာ ပညာရွင္ ဦးေက်ာ္သီဟႏွင့္ ကယားျပည္နယ္ အစုိးရ အဖြဲ႕ရုံး e – Government လုပ္ငန္း အဖြဲ႕၀င္မ်ား တက္ေရာက္ေဆြးေႏြးၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ကယားျပည္နယ္အစိုးရအဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် အစိုးရအဖွဲ့ရုံးမှ ဌာန(၅)ခုကို e – Government စနစ် ကနဦး စမ်းသပ် အကောင် အထည် ဖော်သွားမည်ဖြစ်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်သည့် ဌာန/ အဖွဲ့အစည်း (၁၈) ခုမှ ဝန်ထမ်း (၇၂) ဦးကို လိုအပ်သည့် သင်တန်းများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ခံများ၊ e – Government လုပ်ငန်းအဖွဲ့၊ သတင်းအချက်အလက်နှင့် နည်းပညာ အထောက်အကူပြုရေး ပညာရှင် ဦးကျော်သီဟတို့အနဖြေင့် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ e – Government နှင့် ပတ်သက်သည့် လုပ်ငန်း ဖော်ဆောင်မှုအား (၂) ရက်တာ လေ့လာပြီး လုပ်ငန်းဆောင်ရွက်နိုင်ရေး အကြံပြုချက်များ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့ကျင်းပသည့် ပြည်နယ်အစိုးရ e – Government စနစ် အကောင်အထည် ဖော်ရေး အစည်းအဝေးသို့ ကယားပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမော်မော်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဦးခင်မောင်ဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး၊ မြန်မာဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်ဦးစီးမှူး၊ သတင်း အချက်အလက်နှင့် နည်းပညာ ပညာရှင် ဦးကျော်သီဟနှင့် ကယားပြည်နယ် အစိုးရ အဖွဲ့ရုံး e – Government လုပ်ငန်း အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~