နမ့္ခမ္းၿမိဳ႕တြင္ အမ်ိဳးသမီးတစ္ဦးကို ဝင္ေရာက္ဖမ္းဆီးသြားသည့္ လက္နက္ကိုင္အဖြဲ႕မွာ TNLA ျဖစ္ေၾကာင္း ထုတ္ျပန္

နမ့္ခမ္းၿမိဳ႕တြင္ အမ်ိဳးသမီးတစ္ဦးကို ဝင္ေရာက္ဖမ္းဆီးသြားသည့္ လက္နက္ကိုင္အဖြဲ႕မွာ TNLA ျဖစ္ေၾကာင္း ထုတ္ျပန္
စက်တင်ဘာ 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ခမ္းၿမိဳ႕တြင္ လက္နက္ကိုင္အဖြဲ႕က ေနအိမ္အတြင္း လာေရာက္ ဖမ္းဆီး ေခၚေဆာင္ ခံရသည့္ အသက္ (၃၇) ႏွစ္အရြယ္အမ်ိဳးသမီးမွာ TNLA က အျပစ္ေပး အေရးယူရန္ ဖမ္းဆီးသြားျခင္း ျဖစ္သည္ဟု ဖမ္းဆီးသြားၿပီး (၁၈)ရက္အၾကာတြင္ သတင္းထုတ္ျပန္လုိက္သည္။

နမ့္ခမ္းၿမိဳ႕၊ ဟိုေနာင္ရပ္ကြက္တြင္ ေနာင္ေမာင္ကုန္မာဆုိင္ဖြင့္ထားသည့္ ေဒၚနန္းမိုဟြမ္သည္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၇) ရက္ေန႔ နံနက္ (၈) နာရီဝန္းက်င္က ေနအိမ္၌ နံနက္စာစားေနစဥ္ TNLA တပ္ဖြဲ႕ဝတ္စံု ဝတ္ဆင္ထားသည့္ လူတစ္စုက လက္နက္မ်ားျဖင့္ ဝင္ေရာက္ဖမ္းဆီးသြားခဲ့ျခင္းျဖစ္ေၾကာင္းသိရၿပီး TNLA က ၎တို႔ ဖမ္းဆီးသြားျခင္းျဖစ္ေၾကာင္းကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၃)ရက္ေန႔တြင္ သတင္းထုတ္ျပန္ အတည္ျပဳလုိက္ျခင္းျဖစ္သည္။

ေဒၚနန္းမိုဟြမ္သည္ PSLF/TNLA ၏ လုပ္ငန္း တာဝန္ကို ေႏွာင့္ယွက္သျဖင့္ အေရးယူရန္ ဖမ္းဆီးျခင္း ျဖစ္ေၾကာင္းႏွင့္ စီရင္ခ်က္ခ်မည့္ေန႔တြင္ ေဒၚနန္းမိုဟြမ္၏ ေဆြမ်ိဳးသားခ်င္းႏွင့္ အမ်ားျပည္သူ ေရွ႕ေမွာက္တြင္ စီရင္ဆံုးျဖတ္သြားမည္ဟုလည္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္ကို ေတြ႔ရသည္။

ေနအိမ္တြင္ ဝင္ေရာက္ဖမ္းဆီးစဥ္က ဖမ္းဆီးသည့္ အဖြဲ႕က လံုၿခံဳေရးကင္မရာမွ မွတ္တမ္းမ်ားကိုလည္း ဖ်က္ဆီးခဲ့သည့္ အျပင္ Hard Disk ကိုပါ ယူေဆာင္သြားေၾကာင္း သိရသည္။

ယင္းကဲ့သို႔ လုပ္ေဆာင္ျခင္းသည္ ျပည္သူတစ္ဦး၏ အခြင့္အေရးကို ခ်ိဳးေဖါက္ျခင္းျဖစ္သျဖင့္ ရႈံ႕ခ် ကန္႔ကြက္ေၾကာင္းႏွင့္ ဖမ္းဆီးထားသည့္ အမ်ိဳးသမီးအား အျမန္ဆံုးျပန္လႊတ္ေပးရန္ ေတာင္းဆိုေၾကာင္းကို လူငယ္ကြန္ယက္ (နမ့္ခမ္းၿမိဳ႕)က ၾသဂုတ္လ (၁၉) ရက္ေန႔တြင္ ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ထားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် လက်နက်ကိုင်အဖွဲ့က နေအိမ်အတွင်း လာရောက် ဖမ်းဆီး ခေါ်ဆောင် ခံရသည့် အသက် (၃၇) နှစ်အရွယ်အမျိုးသမီးမှာ TNLA က အပြစ်ပေး အရေးယူရန် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဖမ်းဆီးသွားပြီး (၁၈)ရက်အကြာတွင် သတင်းထုတ်ပြန်လိုက်သည်။

နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်တွင် နောင်မောင်ကုန်မာဆိုင်ဖွင့်ထားသည့် ဒေါ်နန်းမိုဟွမ်သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့ နံနက် (၈) နာရီဝန်းကျင်က နေအိမ်၌ နံနက်စာစားနေစဉ် TNLA တပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်စုက လက်နက်များဖြင့် ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရပြီး TNLA က၎င်းတို့ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့တွင် သတင်းထုတ်ပြန် အတည်ပြုလိုက်ခြင်းဖြစ်သည်။

ဒေါ်နန်းမိုဟွမ်သည် PSLF/TNLA၏ လုပ်ငန်း တာဝန်ကို နှောင့်ယှက်သဖြင့် အရေးယူရန် ဖမ်းဆီးခြင်း ဖြစ်ကြောင်းနှင့် စီရင်ချက်ချမည့်နေ့တွင် ဒေါ်နန်းမိုဟွမ်၏ ဆွေမျိုးသားချင်းနှင့် အများပြည်သူ ရှေ့မှောက်တွင် စီရင်ဆုံးဖြတ်သွားမည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးစဉ်က ဖမ်းဆီးသည့် အဖွဲ့က လုံခြုံရေးကင်မရာမှ မှတ်တမ်းများကိုလည်း ဖျက်ဆီးခဲ့သည့် အပြင် Hard Disk ကိုပါ ယူဆောင်သွားကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် ပြည်သူတစ်ဦး၏ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ရှုံ့ချ ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးထားသည့် အမျိုးသမီးအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်းကို လူငယ်ကွန်ယက် (နမ့်ခမ်းမြို့)က သြဂုတ်လ (၁၉) ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~