နမ့်ခမ်းနှင့် နမ္မတူရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA ယနေ့သိမ်းပိုက်

နမ့်ခမ်းနှင့် နမ္မတူရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA ယနေ့သိမ်းပိုက်
နိုဝင်ဘာ 5, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ်၏ မန်ဝင်တပ်စခန်းကို ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့ နံနက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ထို့အပြင် လားရှိုးနှင့် သိန္နီကြား (၁၄ မိုင် နှင့် ၁၅မိုင်)ကြားရှိ နမ့်တွန်ကျေးရွာတွင် စစ်ကား (၄)စီးဖြင့် စစ်ကူရောက်လာသော စစ်ကောင်စီတပ်ကိုလည်း ယနေ့ နံနက်ပိုင်းတွင် TNLAက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက် (၂)လက်၊ စစ်အသုံးဆောင်ပစ္စည်းများနှင့် စစ်ကား (၄)စီး သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

နမ္မတူမြို့နယ်၊ ပန်သပြေကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်းကိုလည်း ယနေ့ နံနက်ပိုင်းတွင်း TNLAက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : News & Information Department