လားရိႈး - မုိင္းေယာ္လမ္းတြင္ ေရလႊမ္းေနသျဖင့္ ျဖတ္သန္းသြားလာသူမ်ားကို အသက္ကယ္ေလွျဖင့္ ကူးေပးေနရ

လားရိႈး - မုိင္းေယာ္လမ္းတြင္ ေရလႊမ္းေနသျဖင့္ ျဖတ္သန္းသြားလာသူမ်ားကို အသက္ကယ္ေလွျဖင့္ ကူးေပးေနရ
စက်တင်ဘာ 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၃၁) ရက္ေန႔ ညပိုင္းမွစတင္၍ လားရိႈး - မိုင္းေယာ္လမ္း ေရလႊမ္းလာၿပီး စက္တင္ဘာလ (၁)ရက္ေန႔ နံနက္ပိုင္းတြင္ ေမာ္ေတာ္ကားမ်ားမွလြဲ၍ ျဖတ္သန္းသြားလာသူမ်ားကို အသက္ကယ္ေလွမ်ားျဖင့္ ျဖတ္ကူးေပးေနေၾကာင္း သိရသည္။

“ဒီနားမွာ ေနသူေတြကေတာ့ မေန႔ည( ၃၁ )ကတည္းက ေရကစတက္လာတာလို႔ေျပာတယ္။ ဒီမနက္ အေစာပိုင္းက ဆိုင္ကယ္ေတြလူေတြ ျဖတ္သြားလို႔ရေသးတယ္။ မနက္ (၁၀) နာရီေလာက္မွာ ေရက (၄)ေပ ေလာက္ အထိတက္လာတယ္။ ကားတစ္ခ်ိဳ႕ကလြဲရင္ သြားလို႔ မရေတာ့ဘူး။ ေရာ္ဘာေလွနဲ႔ ဟိုဘက္ ဒီဘက္ ပို႔ေပးေနရတယ္” ဟု လားရိႈး - မိုင္းေယာ္လမ္းတြင္ ျဖတ္ကူးသူမ်ားကို အသက္ကယ္ေလွျဖင့္ ျဖတ္ကူးေပးေနသည့္အဖြဲ႕မွ ကိုစိုင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါ လမ္းပိုင္းမွျဖတ္သန္း၍ ေက်ာင္းတက္ေနရသည့္ ေက်ာင္းသားမ်ားႏွင့္ လမ္းသြားလမ္းလာမ်ားကို ေရာ္ဘာေလွျဖင့္ ကူးျဖတ္ေပးျခင္းကို နယ္ေျမခံတပ္၊ မီးသတ္တပ္ဖြဲ႕၊ ေရႊလႈိင္ေမတၱာလူမႈကူညီေရးအသင္း၊ ေမတၱာေရာင္ျခည္ လူမႈကူညီေရးအသင္း၊ လူမ်ိဳးဘာသာမေရြး ပရဟိတအသင္းမ်ားႏွင့္ ေဒသခံမ်ားပါဝင္သည့္ အဖြဲ႕ျဖင့္ ကူညီေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕တြင္ ၾသဂုတ္လ (၃၀)ရက္ေန႔ႏွင့္ (၃၁) ရက္ေန႔မ်ားက မိုးသည္းထန္စြာ ဆက္တိုက္ ရြာသြန္းမႈေၾကာင့္ အမွတ္ (၁) ရပ္ကြက္၊ နားမေခၚရပ္ႏွင့္ အမွတ္(၉)ရပ္ကြက္တို႔ရိွ အိမ္အခ်ိဳ႕တြင္ ေရဝင္နစ္ျမဳပ္မႈအခ်ိဳ႕ ျဖစ္ပြားခဲ့ကာ စက္တင္ဘာလ (၁) ရက္ေန႔တြင္ လားရိႈး - မိုင္းေယာ္လမ္းပိုင္းအစ တာပံုေက်းရြာအနီး၌ ေရလႊမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
Photo: sai aung


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့ ညပိုင်းမှစတင်၍ လားရှိုး - မိုင်းယော်လမ်း ရေလွှမ်းလာပြီး စက်တင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းတွင် မော်တော်ကားများမှလွဲ၍ ဖြတ်သန်းသွားလာသူများကို အသက်ကယ်လှေများဖြင့် ဖြတ်ကူးပေးနေကြောင်း သိရသည်။

“ဒီနားမှာ နေသူတွေကတော့ မနေ့ည( ၃၁ )ကတည်းက ရေကစတက်လာတာလို့ပြောတယ်။ ဒီမနက် အစောပိုင်းက ဆိုင်ကယ်တွေလူတွေ ဖြတ်သွားလို့ရသေးတယ်။ မနက် (၁၀) နာရီလောက်မှာ ရေက (၄)ပေ လောက် အထိတက်လာတယ်။ ကားတစ်ချို့ကလွဲရင် သွားလို့ မရတော့ဘူး။ ရော်ဘာလှေနဲ့ ဟိုဘက် ဒီဘက် ပို့ပေးနေရတယ်” ဟု လားရှိုး - မိုင်းယော်လမ်းတွင် ဖြတ်ကူးသူများကို အသက်ကယ်လှဖြေင့် ဖြတ်ကူးပေးနေသည့်အဖွဲ့မှ ကိုစိုင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လမ်းပိုင်းမှဖြတ်သန်း၍ ကျောင်းတက်နေရသည့် ကျောင်းသားများနှင့် လမ်းသွားလမ်းလာများကို ရော်ဘာလှဖြေင့် ကူးဖြတ်ပေးခြင်းကို နယ်မြေခံတပ်၊ မီးသတ်တပ်ဖွဲ့၊ ရွှေလှိုင်မေတ္တာလူမှုကူညီရေးအသင်း၊ မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်း၊ လူမျိုးဘာသာမရွေး ပရဟိတအသင်းများနှင့် ဒေသခံများပါဝင်သည့် အဖွဲ့ဖြင့် ကူညီပေးနခြေင်းဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့တွင် သြဂုတ်လ (၃၀)ရက်နေ့နှင့် (၃၁) ရက်နေ့များက မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် အမှတ် (၁) ရပ်ကွက်၊ နားမခေါ်ရပ်နှင့် အမှတ်(၉)ရပ်ကွက်တို့ရှိ အိမ်အချို့တွင် ရေဝင်နစ်မြုပ်မှုအချို့ ဖြစ်ပွားခဲ့ကာ စက်တင်ဘာလ (၁) ရက်နေ့တွင် လားရှိုး - မိုင်းယော်လမ်းပိုင်းအစ တာပုံကျေးရွာအနီး၌ ရေလွှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
Photo: sai aung

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~