ပြည်နယ်အဆင့် ရှမ်းနှစ်သစ်ကူးပွဲတော် လားရှိုးမြို့တွင် ပထမဆုံးအဖြစ် ဒီဇင်ဘာလ(၆)ရက်နေ့ စတင်မည်

ပြည်နယ်အဆင့် ရှမ်းနှစ်သစ်ကူးပွဲတော် လားရှိုးမြို့တွင် ပထမဆုံးအဖြစ် ဒီဇင်ဘာလ(၆)ရက်နေ့ စတင်မည်
စကျတငျဘာ 28, 2018
By Tachileik News Agency



အနယ်နယ် အရပ်ရပ်တွင် နေထိုင်နေကြသည့် ရှမ်းလူမျိုးများ တွေ့ဆုံနိုင်ရန် ယဉ်ကျေးမှုများကို ပြသနိုင်ရန် အတွက် (၃) နှစ်တစ်ကြိမ် ကျင်းပနေသည့် ပြည်နယ်အဆင့်ပွဲကို ရှမ်းသက္ကရာဇ် ၂၁၁၃ ခုနှစ်ပြည့်နှစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ကျင်းပခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။


ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ထိတွေ့တိုက်ခိုက်မှုများ၊ ပဋိပက္ခများ ဖြစ်ပွားမှုရှိနေစဉ်တွင် ရှမ်းနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် လုပ်ဆောင်နေခြင်း နှင့် ပတ်သက်၍  ဝေဖန်မှုများရှိနေသော်လည်း ရှမ်းတိုင်းရင်းသား မျိုးဆက်သစ်များ အတွက် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုဝတ်စုံများ၊ ရိုးရာအစားအစာများကို မေ့လျော့သွားခြင်း မရှိစေရန်အတွက် နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်အောင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း  - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ပြည်နယ်အဆင့် ရှမ်းနှစ်သစ်ကူး ပွဲတော်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့မှ (၉) ရက်နေ့အထိ ချယ်ရီမြိုင်အိမ်ရာဝန်း အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ပွဲတော်နဲ့ ပတ်သက်တာကတော့ ရှမ်းရိုးရာဝတ်စုံတွေ၊ ရိုးရာအစားအစာတွေ၊ ရိုးရာလက်မှုပစ္စည်းတွေကို ပြသ ရောင်းချတဲ့ နေရာတွေပါမယ်။ ရှမ်းမောင်မယ် ရွေးချယ်ပွဲလည်း ပါမယ်။ ရိုးရာအကအလှတွေ တင်ဆက်ပြသတဲ့ အစီအစဉ်တွေလည်း ပါမယ်။ အဲဒါတွေ အားလုံး ပါဝင်နိုင်ဖို့အတွက် ဆပ်ကော်မတီ (၁၆) ခု ဖွဲ့စည်းထားပါတယ်”ဟု ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ(လားရှိုး)မှ ကော်မတီဥက္ကဌ ဦးစိုင်းကျော်ဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အနယ်နယ် အရပ်ရပ်တွင် နေထိုင်နကြေသည့် ရှမ်းလူမျိုးများ တွေ့ဆုံနိုင်ရန် ယဉ်ကျေးမှုများကို ပြသနိုင်ရန် အတွက် (၃) နှစ်တစ်ကြိမ် ကျင်းပနေသည့် ပြည်နယ်အဆင့်ပွဲကို ရှမ်းသက္ကရာဇ် ၂၁၁၃ ခုနှစ်ပြည့်နှစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ကျင်းပခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။

“နှစ်သစ်ကူးပွဲ ဖြစ်မြောက်ရေးအတွက် တစ်ခြားတိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့အစည်းတွေကလည်း ပါဝင်ကူညီ တာတွေရှိပါတယ်။ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှု ရှိစေဖို့အတွက် အခုလို နှစ်သစ်ကူးပွဲတော်မှာ ပူးပေါင်း ပါဝင်ဖို့လည်း ဖိတ်ခေါ်ပါတယ်”ဟု ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ(လားရှိုး)မှ ဥက္ကဌ ဦးစိုင်းကျော်ဌေးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ထိတွေ့တိုက်ခိုက်မှုများ၊ ပဋိပက္ခများ ဖြစ်ပွားမှုရှိနေစဉ်တွင် ရှမ်းနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် လုပ်ဆောင်နခြေင်း နှင့် ပတ်သက်၍ ဝေဖန်မှုများရှိနေသော်လည်း ရှမ်းတိုင်းရင်းသား မျိုးဆက်သစ်များ အတွက် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုဝတ်စုံများ၊ ရိုးရာအစားအစာများကို မေ့လျော့သွားခြင်း မရှိစေရန်အတွက် နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်အောင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~