မူဆယ်မြို့နယ်အတွင်း ထိန်းချုပ်ဓါတုပစ္စည်းများ သယ်လာသည့် မော်တော်ယာဉ် (၆)စီးနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် (၁၁)ဦးတို့ကို နှစ်ရက်အတွင်း ဖမ်းမိထား

မူဆယ်မြို့နယ်အတွင်း ထိန်းချုပ်ဓါတုပစ္စည်းများ သယ်လာသည့် မော်တော်ယာဉ် (၆)စီးနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် (၁၁)ဦးတို့ကို နှစ်ရက်အတွင်း ဖမ်းမိထား
စကျတငျဘာ 1, 2018
By Tachileik News Agency



မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့  ည(၁၁)နာရီခွဲအချိန်တွင် မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်၌ ရဲမင်း(ခ)ရဲမင်းနိုင်၊ ဝေဖြိုးကျော်နှင့် သီဟတို့မောင်းနှင်လာသည့် Nissan(၁၂)ဘီးယာဉ် (၃) စီးအားရှာဖွေရာ ယာဉ်မောင်း ရဲမင်း(ခ)ရဲမင်းနိုင်နှင့် ယာဉ်နောက်လိုက် စိုင်းမြင့်ဦးတို့လိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်မှ အီသိုင်းအီသာ အရည် (၅၀) ဂါလံစီပါပေပါ (၅၀) လုံးအတွင်းမှ အီသိုင်းအီသာ (၁၀,၀၀၀) လီတာ၊ ကဖင်း (၂၀) ကီလိုစီပါ ဆာလာအိတ် (၇၀)အတွင်းမှ ကဖင်း (၁,၄၀၀) ကီလိုကို လည်းကောင်း၊ ယာဉ်မောင်း ဝေဖြိုးကျော်နှင့် ယာဉ်နောက်လိုက် သန်းဝင်းထွန်းတို့လိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်မှ အီသိုင်းအီသာအရည် (၅၀) ဂါလံစီပါ သံပေပါ (၅၅) လုံးအတွင်းမှ အီသိုင်းအီသာ (၁၁,၀၀၀) လီတာ၊ဟိုက်ဒရိုကလိုရစ်အက်စစ် အရည် (၂၀၀) လီတာစီပါ ပလပ်စတစ်ပေပါ (၅) လုံးအတွင်းမှ ဟိုက်ဒရိုကလိုရစ်အက်စစ် (၁,၀၀၀) လီတာ၊ ကဖင်း (၂၀) ကီလိုစီပါ ဆာလာအိတ် (၃၅) အိတ်အတွင်းမှ ကဖင်း (၇၀၀) ကီလိုကို လည်းကောင်း၊ ယာဉ်မောင်း သီဟ နှင့် ယာဉ်နောက်လိုက် အောင်သိုက် တို့လိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်မှ အီသိုင်းအီသာအရည် (၂၀၀) လီတာစီပါ သံပေပါ(၂၀) လုံးအတွင်းမှ အီသိုင်းအီသာ (၄,၀၀၀) လီတာ၊ ဟိုက်ဒရိုကလိုရစ် အက်စစ်အရည် (၂၀၀) လီတာခန့်စီပါ ပေပါ (၄၅)လုံးအတွင်းမှ ဟိုက်ဒရိုကလိုရစ်အက်စစ် (၉,၀၀၀) လီတာတို့ကိုလည်းကောင်း သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။



ဖမ်းဆီးရမိထားသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များဖြစ်သည့် ရဲမင်း(ခ)ရဲမင်းနိုင်(၂၈)နှစ်၊ စိုင်းမြင့်ဦး(၂၅)နှစ်၊ ဝေဖြိုးကျော်(၂၄)နှစ်၊ သီဟ (၃၄)နှစ်၊ သန်းဝင်းထွန်း(၂၀)နှစ်၊ အောင်သိုက်(၃၅)နှစ်၊ နန်းဝင်း(၃၁)နှစ်၊ အောင်ကိုလင်း (၃၅)နှစ်၊ ကျော်စွာဝင်း(၃၂)နှစ်၊ အိုက်ခေး(၁၈)နှစ်၊ ရန်နိုင်ဝင်း(၂၄)နှစ်နှင့် ထွက်ပြေးနေသည့် နိုင်ဇော်ဦးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်အတွင်းမှ ဟိုက်ဒရိုကလိုရစ်အက်ဆစ် (၂၆,ဝဝဝ)လီတာပါဝင်သည့် ပေပါ(၁၃၀)လုံး၊ အီသိုင်းအီသာ(၂၅,ဝဝဝ)လီတာပါသည့် ပေပါ(၁၂၅)လုံး၊ အက်ဆီတုံး (၁၇,ဝဝဝ)လီတာပါသည့် ပေပါ(၈၅)လုံးနှင့် ကဖင်း (၂,၁၀၀)ကီလိုပါသည့် ဆာလာအိတ်(၁၀၅)လုံးတို့ကို နှစ်ရက်အတွင်း ဖမ်းမိကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားရှေ့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့က ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ဆောင်လာသည့် မော်တော်ယာဉ် (၃)စီးကိုဖမ်းဆီးရမိပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ သြဂုတ်လ(၃၀)ရက်နေ့တွင် ထိန်းချုပ်ဓာတုပစ္စည်းများ တင်ဆောင်ထားသည့် နောက်ထပ် မော်တော်ယာဉ်(၃)စီးကိုလည်း ထပ်မံ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့ ည(၁၁)နာရီခွဲအချိန်တွင် မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်၌ ရဲမင်း(ခ)ရဲမင်းနိုင်၊ ဝဖြေိုးကျော်နှင့် သီဟတို့မောင်းနှင်လာသည့် Nissan(၁၂)ဘီးယာဉ် (၃) စီးအားရှာဖွေရာ ယာဉ်မောင်း ရဲမင်း(ခ)ရဲမင်းနိုင်နှင့် ယာဉ်နောက်လိုက် စိုင်းမြင့်ဦးတို့လိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်မှ အီသိုင်းအီသာ အရည် (၅၀) ဂါလံစီပါပေပါ (၅၀) လုံးအတွင်းမှ အီသိုင်းအီသာ (၁၀,ဝဝဝ) လီတာ၊ ကဖင်း (၂၀) ကီလိုစီပါ ဆာလာအိတ် (၇၀)အတွင်းမှ ကဖင်း (၁,၄၀၀) ကီလိုကို လည်းကောင်း၊ ယာဉ်မောင်း ဝဖြေိုးကျော်နှင့် ယာဉ်နောက်လိုက် သန်းဝင်းထွန်းတို့လိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်မှ အီသိုင်းအီသာအရည် (၅၀) ဂါလံစီပါ သံပေပါ (၅၅) လုံးအတွင်းမှ အီသိုင်းအီသာ (၁၁,ဝဝဝ) လီတာ၊ဟိုက်ဒရိုကလိုရစ်အက်စစ် အရည် (၂၀၀) လီတာစီပါ ပလပ်စတစ်ပေပါ (၅) လုံးအတွင်းမှ ဟိုက်ဒရိုကလိုရစ်အက်စစ် (၁,ဝဝဝ) လီတာ၊ ကဖင်း (၂၀) ကီလိုစီပါ ဆာလာအိတ် (၃၅) အိတ်အတွင်းမှ ကဖင်း (၇၀၀) ကီလိုကို လည်းကောင်း၊ ယာဉ်မောင်း သီဟ နှင့် ယာဉ်နောက်လိုက် အောင်သိုက် တို့လိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်မှ အီသိုင်းအီသာအရည် (၂၀၀) လီတာစီပါ သံပေပါ(၂၀) လုံးအတွင်းမှ အီသိုင်းအီသာ (၄,ဝဝဝ) လီတာ၊ ဟိုက်ဒရိုကလိုရစ် အက်စစ်အရည် (၂၀၀) လီတာခန့်စီပါ ပေပါ (၄၅)လုံးအတွင်းမှ ဟိုက်ဒရိုကလိုရစ်အက်စစ် (၉,ဝဝဝ) လီတာတို့ကိုလည်းကောင်း သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကွင်းဆက်အရ သြဂုတ်လ (၃၀) ရက်နေ့ ညနေ(၃)နာရီအချိန်တွင် မူဆယ်မြို့၊ ကောင်းမှုတုံ ရပ်ကွက်၊ ဖူလီလိုက်လမ်းကြားရှိ နိုင်ဇော်ဦး၏နေအိမ်ကိုရှာဖွေရာ နိုင်ဇော်ဦးအား နေအိမ်တွင် မတွေ့ရှိရဘဲ နေအိမ်မှ ISUZU BIGHORN မော်တော်ယာဉ် တစ်စီးကိုသိမ်းဆည်းရမိကာ ထိန်းချုပ်ဓာတုပစ္စည်းများကို သယ်ဆောင်ရာလမ်းကြောင်းတွင် ရှေ့ပြေးလုပ်ပေးသည့် အောင်ကိုလင်း နှင့် နန်းဝင်းတို့အား နမ့်ပေါ်တံတား အနီး၌ မော်တော်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။

ကွင်းဆက်အရ သြဂုတ်လ (၃၀) ရက်နေ့ ညနေ(၄)နာရီအချိန်တွင် မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာ၏ အနောက်ဖက်ရှိ ကားဝင်းအတွင်း၌ မော်တော်ယာဉ် (၃) စီးကို တွေ့ရှိရပြီး ယာဉ်မောင်းအကူ ကျော်စွာဝင်း၏ NissanUD (၁၂)ဘီး ယာဉ်ပေါ်မှ ဟိုက်ဒရိုကလိုရစ်အက်စစ်အရည် (၂၀၀) လီတာခန့်စီပါ ပေပါ (၅၅) လုံးအတွင်းမှ ဟိုက်ဒရိုကလိုရစ်အက်စစ် (၁၁,ဝဝဝ) လီတာကို လည်းကောင်း၊ ယာဉ်နောက်လိုက် အိုက်ခေး၏ Nissan UD(၁၂)ဘီးယာဉ်ပေါ်ရှိ ဟိုက်ဒရိုကလိုရစ် အက်စစ်အရည် (၂၀၀) လီတာခန့်စီပါ ပလတ်စတစ်ပေပါ (၂၀) လုံး အတွင်းမှ ဟိုက်ဒရိုကလိုရစ်အက်စစ် (၄,ဝဝဝ) လီတာ၊ အက်စီတုံးအရည် (၂၀၀) လီတာခန့်စီပါ ပေပါ (၃၅) လုံးအတွင်းမှ အက်စီတုံး (၇,ဝဝဝ) လီတာကိုလည်းကောင်း၊ ယာဉ်နောက်လိုက် ရန်နိုင်ဝင်း၏ Nissan UD (၁၂)ဘီးယာဉ်ပေါ်မှ ဟိုက်ဒရိုကလိုရစ်အက်စစ် အရည် ၂၀၀ လီတာခန့်စီပါ ပေပါ (၅) လုံးအတွင်းမှ ဟိုက်ဒရိုကလိုရစ်အက်စစ် (၁,ဝဝဝ) လီတာ၊ အက်စီတုံးအရည် ၂၀၀ လီတာခန့်စီပါ ပေပါ (၅၀) လုံးအတွင်းမှ အက်စီတုံး (၁၀,ဝဝဝ) လီတာကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များဖြစ်သည့် ရဲမင်း(ခ)ရဲမင်းနိုင်(၂၈)နှစ်၊ စိုင်းမြင့်ဦး(၂၅)နှစ်၊ ဝဖြေိုးကျော်(၂၄)နှစ်၊ သီဟ (၃၄)နှစ်၊ သန်းဝင်းထွန်း(၂၀)နှစ်၊ အောင်သိုက်(၃၅)နှစ်၊ နန်းဝင်း(၃၁)နှစ်၊ အောင်ကိုလင်း (၃၅)နှစ်၊ ကျော်စွာဝင်း(၃၂)နှစ်၊ အိုက်ခေး(၁၈)နှစ်၊ ရန်နိုင်ဝင်း(၂၄)နှစ်နှင့် ထွက်ပြေးနေသည့် နိုင်ဇော်ဦးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~