ရန်ကုန်မြို့ရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းတွင် ဖွင့်လှစ်မည့် အသက်မွေးဝမ်းကြောင်း သင်တန်းများအတွက် လျှောက်ထားနိုင်ပြီ

ရန်ကုန်မြို့ရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းတွင် ဖွင့်လှစ်မည့် အသက်မွေးဝမ်းကြောင်း သင်တန်းများအတွက် လျှောက်ထားနိုင်ပြီ
သွဂုတျ 14, 2018
By Tachileik News Agency


အသက်(၁၈)နှစ်မှ (၄၅)နှစ်အတွင်း ကိုယ်အင်္ဂါ မသန်စွမ်းသူများ အတွက် (၃)လ သင်တန်းများ အဖြစ် စက်ချုပ်သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ ဆံသသင်တန်းနှင့် ကွန်ပျူတာသင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့်ရသူများအတွက် သင်တန်းတက်နေစဉ် ကာလအတွင်း နေထိုင်ရေး၊ စားသောက်ရေး၊ သင်ထောက်ကူပစ္စည်း၊ လစဉ်ထောက်ပံ့ကြေးများ ပေးမည့်အပြင် နယ်မှ လာရောက်သော သင်တန်းသားများအတွက် အပြန်ခရီးစရိတ်ကိုလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများ အနေဖြင့် အမှတ်(၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်းဝင်း အတွင်းရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁ - ၉၆၆၁၇၁၂၊ ၀၉ - ၂၅၀၇၉၇၀၂၁၊ ၀၉ - ၄၂၁၀၀၃၅၆၀ နှင့် ၀၉ - ၂၅၀၁၃၀၃၄၂ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ကိုယ်အင်္ဂါမသန်စွမ်းသူများ အတွက် အသက်မွေးဝမ်းကြောင်းသင်တန်းများကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့တွင် ရန်ကုန်မြို့ရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၌ ဖွင့်လှစ်မည်ဖြစ်ပြီး စားရိတ်ငြိမ်းနှင့် လစဉ်ထောက်ပံ့ကြေးများလည်း ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

အသက်(၁၈)နှစ်မှ (၄၅)နှစ်အတွင်း ကိုယ်အင်္ဂါ မသန်စွမ်းသူများ အတွက် (၃)လ သင်တန်းများ အဖြစ် စက်ချုပ်သင်တန်း၊ တံဆိပ်ရို်က်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ ဆံသသင်တန်းနှင့် ကွန်ပျူတာသင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့်ရသူများအတွက် သင်တန်းတက်နေစဉ် ကာလအတွင်း နေထိုင်ရေး၊ စားသောက်ရေး၊ သင်ထောက်ကူပစ္စည်း၊ လစဉ်ထောက်ပံ့ကြေးများ ပေးမည့်အပြင် နယ်မှ လာရောက်သော သင်တန်းသားများအတွက် အပြန်ခရီးစရိတ်ကိုလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများ အနဖြေင့် အမှတ်(၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်းဝင်း အတွင်းရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ဝ၁ - ၉၆၆၁၇၁၂၊ ဝ၉ - ၂၅၀၇၉၇၀၂၁၊ ဝ၉ - ၄၂၁၀၀၃၅၆၀ နှင့် ဝ၉ - ၂၅၀၁၃၀၃၄၂ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~