လားရှိုးမြို့တွင် စာအုပ်/စာစောင် ချစ်မြတ်နိုးသူများအသင်း၏ ပထမဦးဆုံးအကြိမ်စာဖတ်ဝိုင်းကျင်းပ
လားရှိုးမြို့တွင် စာအုပ်/စာစောင် ချစ်မြတ်နိုးသူများအသင်း၏ ပထမဦးဆုံးအကြိမ်စာဖတ်ဝိုင်းကျင်းပ
ဇူလိုင် 22, 2018
By Tachileik News Agency
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်/စာစောင် ချစ်မြတ်နိုးသူများ အသင်း၏ ပထမဦးဆုံးအကြိမ် စာဖတ်ဝိုင်းကို လက်ရှိ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် ဘာသာပြန်ခဲ့သည့် စဉ်းစားခြင်းစာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးခြင်းဖြင့် စတင်လိုက်ကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ-  နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်/စာစောင် ချစ်မြတ်နိုးသူများ အသင်း၏ ပထမဦးဆုံးအကြိမ် စာဖတ်ဝိုင်းကို လက်ရှိပြန်ကြားရေးဝန်ကြီး ဦးဖမြေင့် ဘာသာပြန်ခဲ့သည့် စဉ်းစားခြင်းစာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးခြင်းဖြင့် စတင်လိုက်ကြောင်း သိရသည်။
လူဦးရေ (၃၀)ခန့် တက်ရောက်သည့် အဆိုပါ စာဖတ်ဝိုင်းကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့က စတင်လိုက်ခြင်းဖြစ်ပြီး လာမည့် အကြိမ်များတွင် အခြားစာရေးဆရာများ၏ အခြားစာအုပ်များကို ဖတ်ရှု ဆွေးနွေးကြမည်ဖြစ်ကြောင်း လားရှိုးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံမှ သိရသည်။
“ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဆိုတဲ့ အဓိကမဏ္ဍိုင်ကြီး သုံးရပ်ကို အကောင်ထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ပညာပေးခြင်းဆိုတဲ့နေရာမှာ ပြည်သူ လူထုကို အသိဉာဏ်ပြည့်ဝစေဖို့ ဆောင်ရွက်ပေးရတာဖြစ်တဲ့အတွက် စာကြည့်တိုက်လုပ်ငန်း၊ လူထုအခြပြေုစင်တာ တွေနဲ့ စာဖတ်ဝိုင်းတွေကို ကျင်းပပြုလုပ်ပေးနခြေင်းဖြစ်ပါတယ် ”ဟု စာဖတ်ဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်ကို လားရှိုးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တွဲဘက်ပြည်နယ် ဦးစီးဌာနမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက ဆိုသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း၊ တက္ကသိုလ် ကျောင်းသူ၊ကျောင်းသားများ၊ သူနာပြုသင်တန်းကျောင်းမှ ကျောင်းသူများနှင့် စာအုပ်/ စာစောင်ချစ်မြတ်နိုးသူများအသင်းဝင်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ- နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~