က်ိဳင္းတံုကြန္ပ်ဴတာတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ၏ ပထမဆံုးအႀကိမ္ ေရြးေကာက္ပြဲက်င္းပ

က်ိဳင္းတံုကြန္ပ်ဴတာတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ၏ ပထမဆံုးအႀကိမ္ ေရြးေကာက္ပြဲက်င္းပ
ဇူလိုင် 23, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ ကြန္ပ်ဴတာတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ၏ ပထမဆုံးအႀကိမ္ ေရြးေကာက္ပြဲကို ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ(၂၃)ရက္ေန႔က က်င္းပေၾကာင္း သိရသည္။
အဆိုပါ ေရြးေကာက္ပြဲတြင္ သမဂၢ၏ အမႈေဆာင္အဖြဲ႕  ဥကၠဌ၊ ဒုတိယဥကၠဌႏွင့္ အေထြေထြအတြင္းေရးမွဴး (၃)ေနရာအတြက္ သမဂၢအဖြဲ႕ဝင္ (၁၀)ဦး ဝင္ေရာက္အေရြးခ်ယ္ခံခဲ့ရာ ဥကၠဌအျဖစ္ ကိုေကာင္းျမတ္စံ၊ ဒုတိယ ဥကၠဌအျဖစ္ ကိုရဲရင့္မင္းသြင္ႏွင့္ အေထြေထြအတြင္းေရးမွဴးအျဖစ္ မၿဖိဳးမဒီၿငိမ္းခ်မ္းတို႔ အေရြးခ်ယ္ခံခဲ့ရေၾကာင္း သိရသည္။
"ေရြးေကာက္ပြဲကို ကၽြန္ေတာ္တို႔က မနက္(၉)နာရီကေန (၁၂)နာရီအထိ သတ္မွတ္ၿပီး က်င္းပခဲ့တာျဖစ္ပါတယ္။ ဒီေရြးေကာက္ပြဲ မလုပ္ခင္မွာလည္း ကိုယ္စားလွယ္ေလာင္း အမည္စာရင္းတင္သြင္းတာနဲ႔ မဲဆြယ္စည္းရုံးေရး ကာလေတြ သတ္မွတ္ေပးၿပီး ေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။  ဒီေန႔မွာ မဲေပးခြင့္ရိွသူ (၁၂၂)ဦးမွာ (၁၁၆)ဦး မဲလာေပးပါတယ္။ အဲဒီအထဲမွာမွ ပယ္မဲက (၈)မဲရိွခဲ့ပါတယ္"ဟု ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠဌ ဦးယုေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ေရြးေကာက္ပြဲတြင္ အေထြေထြအတြင္းေရးမွဴးေနရာဝင္ေရာက္ယွဥ္ၿပိဳင္သည့္ မၿဖိဳးမဒီၿငိမ္းခ်မ္းက (၇၅)မဲ၊ မသက္ဖူးေဝက (၂၉)မဲႏွင့္ စိုင္းလ်ဲန္းစံက (၁၁)မဲ၊ ဒုတိယဥကၠဌ ေနရာအတြက္ ကိုရဲရင့္မင္းသြင္က (၃၂)မဲ၊ စိုင္းရွဲန္ဟိန္းက (၃၀)မဲ၊ မၿဖိဳးၿဖိဳးေသာ္က (၂၁)မဲ၊ ကိုနဒီဦးက (၁၈)မဲႏွင့္ မေရႊယမႈံဇင္က (၁၂)မဲ၊ ဥကၠဌေနရာအတြက္  ကိုေကာင္းျမတ္စံက (၁၁၀)မဲႏွင့္ ကိုဟန္သူထိုက္က (၅)မဲ ရရိွခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
က်ိဳင္းတံု ကြန္ပ်ဴတာတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢအေနျဖင့္ အျခားတကၠသိုလ္မ်ားက ေက်ာင္းသားသမဂၢမ်ား ဖြဲ႔စည္းလိုလွ်င္ ကူညီသြားမည္ျဖစ္ၿပီး သမဂၢအခ်င္းခ်င္း ပူးေပါင္းေဆာင္ရြက္ျခင္းမ်ားလည္း လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ကြန္ပ်ဴတာတကၠသိုလ္ (က်ိဳင္းတုံ) ေက်ာင္းသားမ်ားသမဂၢကို ၂၀၁၈ ခုႏွစ္၊ ဇြန္လ(၁၅)ရက္ေန႔တြင္ စတင္ဖြဲ႕စည္းခဲ့ျခင္း ျဖစ္ၿပီး က်ိဳင္းတုံၿမိဳ႕တြင္ ပထမဆံုး ေက်ာင္းသားသမဂၢျဖစ္သည္။
သတင္း #ဇြဲျမတ္
ဓါတ္ပံု #ျပည့္ၿဖိဳးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~

ကျိုင်းတုံကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ပထမဆုံးအကြိမ် ရွေးကောက်ပွဲကျင်းပ
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့က ကျင်းပကြောင်း သိရသည်။

အဆိုပါ ရွေးကောက်ပွဲတွင် သမဂ္ဂ၏ အမှုဆောင်အဖွဲ့  ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူး (၃)နေရာအတွက် သမဂ္ဂအဖွဲ့ဝင် (၁၀)ဦး ဝင်ရောက်အရွေးချယ်ခံခဲ့ရာ ဥက္ကဌအဖြစ် ကိုကောင်းမြတ်စံ၊ ဒုတိယ ဥက္ကဌအဖြစ် ကိုရဲရင့်မင်းသွင်နှင့် အထွေထွေအတွင်းရေးမှူးအဖြစ် မဖြိုးမဒီငြိမ်းချမ်းတို့ အရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

"ရွေးကောက်ပွဲကို ကျွန်တော်တို့က မနက်(၉)နာရီကနေ (၁၂)နာရီအထိ သတ်မှတ်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲ မလုပ်ခင်မှာလည်း ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတာနဲ့ မဲဆွယ်စည်းရုံးရေး ကာလတွေ သတ်မှတ်ပေးပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။  ဒီနေ့မှာ မဲပေးခွင့်ရှိသူ (၁၂၂)ဦးမှာ (၁၁၆)ဦး မဲလာပေးပါတယ်။ အဲဒီအထဲမှာမှ ပယ်မဲက (၈)မဲရှိခဲ့ပါတယ်"ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးယုမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွေးကောက်ပွဲတွင် အထွေထွေအတွင်းရေးမှူးနေရာဝင်ရောက်ယှဉ်ပြိုင်သည့် မဖြိုးမဒီငြိမ်းချမ်းက (၇၅)မဲ၊ မသက်ဖူးဝေက (၂၉)မဲနှင့် စိုင်းလျဲန်းစံက (၁၁)မဲ၊ ဒုတိယဥက္ကဌ နေရာအတွက် ကိုရဲရင့်မင်းသွင်က (၃၂)မဲ၊ စိုင်းရှဲန်ဟိန်းက (၃၀)မဲ၊ မဖြိုးဖြိုးသော်က (၂၁)မဲ၊ ကိုနဒီဦးက (၁၈)မဲနှင့် မရွှေယမှုံဇင်က (၁၂)မဲ၊ ဥက္ကဌနေရာအတွက်  ကိုကောင်းမြတ်စံက (၁၁၀)မဲနှင့် ကိုဟန်သူထိုက်က (၅)မဲ ရရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂအနေဖြင့် အခြားတက္ကသိုလ်များက ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းလိုလျှင် ကူညီသွားမည်ဖြစ်ပြီး သမဂ္ဂအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းများလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ) ကျောင်းသားများသမဂ္ဂကို ၂၀၁၈ ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ကျိုင်းတုံမြို့တွင် ပထမဆုံး ကျောင်းသားသမဂ္ဂဖြစ်သည်။

သတင်း #ဇွဲမြတ်
ဓါတ်ပုံ #ပြည့်ဖြိုးအောင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~