ကရင္နီျပည္ လူထုၿငိမ္းခ်မ္းေရးႏွီးေႏွာဖလွယ္ပြဲမွ ရလဒ္မ်ားျဖင့္ ျပည္နယ္ႏွင့္တုိင္းေဒသႀကီးမ်ားတြင္ ဆက္လက္ေဆြးေႏြးမည္

ကရင္နီျပည္ လူထုၿငိမ္းခ်မ္းေရးႏွီးေႏွာဖလွယ္ပြဲမွ ရလဒ္မ်ားျဖင့္ ျပည္နယ္ႏွင့္တုိင္းေဒသႀကီးမ်ားတြင္ ဆက္လက္ေဆြးေႏြးမည္
မေ 29, 2018
By 🌸
ကရင္နီျပည္လူထုုၿငိမ္းခ်မ္းေရးႏွီးေႏွာဖလွယ္ပြဲအား လိြဳင္ေကာ္ၿမိဳ႕တြင္ သုံးရက္တာ ျပဳလုပ္ခဲ့သည့္ ေဆြးေႏြးပြဲရလဒ္မ်ားျဖင့္ အျခားျပည္နယ္ႏွင့္တုိင္းေဒသႀကီးမ်ားတြင္ လူထုၿငိမ္းခ်မ္းေရးႏွီးေႏွာဖလွယ္ပြဲမ်ား ဆက္လက္က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ေမလ (၂၆) ရက္ေန႔မွ (၂၈) ရက္ေန႔အထိက်င္းပသည့္ အဆိုပါႏွီးေႏွာဖလွယ္ပြဲက ထုတ္ျပန္ခ်က္တြင္ ႏိုင္ငံေရး ၊ ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈႏွင့္ တိုင္းျပည္၏အေထြေထြျပသနာမ်ားကိုေျဖ႐ွင္းရန္ ၂၀၀၈ အေျခခံဥပေဒမွာ အဓိကအတားဆီး ျဖစ္ေနၿပီး လက္႐ွိ NCA လမ္းေၾကာင္း ၂၁ ရာစုပင္လုံ ညီလာခံႏွင့္ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားမွာ ၿငိမ္းခ်မ္းေရး တည္ေဆာက္ရန္ႏွင့္ ဖက္ဒရယ္ျပည္ေထာင္စုေဖာ္ေဆာင္ရန္ ျပည့္စုံလုံေလာက္မႈမ႐ွိေၾကာင္း ထုတ္ျပန္ထားသည္။

ယင္းအျပင္ တိုင္းရင္းသားေဒသမ်ားတြင္ထိုးစစ္မ်ား ရပ္တန္႔၍ တပ္မေတာ္ႏွင့္အစိုးရမွ တစ္ျပည္လုံးအပစ္အခတ္ရပ္စဲေရးကို ေၾကညာေပးရန္၊ ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈအား အတားဆီးျဖစ္ေစမည့္ အမိန္႔ၫႊန္ၾကားခ်က္ဥပေဒ၊ နည္းဥပေဒမ်ားကို ဖ်က္သိမ္းေပးရန္ ၊ ေဒသခံမ်ားသေဘာမတူညီေသာ ျပည္တြင္းျပည္ပ ရင္ႏွီးျမဳပ္ႏွံမႈလုပ္ငန္းမ်ားအား ရပ္ဆိုင္းေပးရန္၊NCA လက္မွတ္ေရးထိုးသည္ျဖစ္ေစ မထိုးသည္ျဖစ္ေစ တိုင္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရး အဖြဲ႔မ်ားအားလုံး ၊ အမ်ိဳးသမီးႏွင့္ အရပ္ဖက္အဖြဲ႔စည္းမ်ား ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ပါဝင္ခြင့္ရ႐ွိရန္ စသည့္ အခ်က္မ်ားကို ေတာင္းဆိုထားသည္။

အဆိုပါ ႏွီးေႏွာဖလွယ္ပြဲတြင္ အဖြဲ႔စည္းအသီးသီးမွ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အႀကံျပဳခ်က္ စာတမ္း(၂၅)ေစာင္ တင္သြင္းေဆြးေႏြးခဲ့ၾကၿပီး တတ္ေရာက္လာေသာ အင္အားစုအသီးသီးမွကိုယ္စားလွယ္မ်ားက လူထုသေဘာထားမ်ား ကိုအေျခခံသည့္ ၿငိမ္းခ်မ္းေရးေဖာ္ ေဆာင္ေရးအတြက္ အေျခခံလို အပ္ခ်က္မ်ား၊ အႀကံျပဳခ်က္မ်ား၊ လက္ေတြ႕လုပ္ငန္းစဥ္မ်ားအား စုေပါင္း၍ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

ႏွီးေႏွာဖလွယ္ပြဲသို႔ ကယားျပည္နယ္ႏွင့္ ကယန္းေဒသအေျခစိုက္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ စည္းမ်ား ၊ အျခားျပည္နယ္မွ လက္နက္ကိုင္အဖြဲ႔စည္းမ်ား၊ တိုင္းရင္းသားႏိုင္ငံေရးပါတီမ်ား၊ အျခားအင္အားစု အဖြဲ႔ အစည္းမ်ား၊ လူငယ္ႏွင့္အမ်ိဳးသမီးအဖြဲ႔ မ်ား ၊ အရပ္ဖက္လူမႈအဖြဲ႔အစည္းမ်ားႏွင့္ ကယားျပည္နယ္႐ွိၿမိဳ႕နယ္အသီးသီးမွ ကိုယ္စားလွယ္မ်ား စုစုေပါင္း (၃၅၀)ဦး တတ္ေရာက္ေဆြးေႏြးခဲ့ၾကျခင္းျဖစ္ေၾကာင္းသိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကရင်နီပြည် လူထုငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲမှ ရလဒ်များဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဆက်လက်ဆွေးနွေးမည်
***************
ကရင်နီပြည်လူထုုငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲအား လွိုင်ကော်မြို့တွင် သုံးရက်တာ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲရလဒ်များဖြင့် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လူထုငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေလ (၂၆) ရက်နေ့မှ (၂၈) ရက်နေ့အထိကျင်းပသည့် အဆိုပါနှီးနှောဖလှယ်ပွဲက ထုတ်ပြန်ချက်တွင် နိုင်ငံရေး ၊ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် တိုင်းပြည်၏အထွေထွေပြသနာများကိုဖြေရှင်းရန် ၂၀၀၈ အခြေခံဥပဒေမှာ အဓိကအတားဆီး ဖြစ်နေပြီး လက်ရှိ NCA လမ်းကြောင်း ၂၁ ရာစုပင်လုံ ညီလာခံနှင့်နိုင်ငံရေးဆွေးနွေးပွဲများမှာ ငြိမ်းချမ်းရေး တည်ဆောက်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရန် ပြည့်စုံလုံလောက်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် တိုင်းရင်းသားဒေသများတွင်ထိုးစစ်များ ရပ်တန့်၍ တပ်မတော်နှင့်အစိုးရမှ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးကို ကြေညာပေးရန်၊ ငြိမ်းချမ်းရေးတည်ဆောက်မှုအား အတားဆီးဖြစ်စေမည့် အမိန့်ညွှန်ကြားချက်ဥပဒေ၊ နည်းဥပဒေများကို ဖျက်သိမ်းပေးရန် ၊ ဒေသခံများသဘောမတူညီသော ပြည်တွင်းပြည်ပ ရင်နှီးမြုပ်နှံမှုလုပ်ငန်းများအား ရပ်ဆိုင်းပေးရန်၊NCA လက်မှတ်ရေးထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များအားလုံး ၊ အမျိုးသမီးနှင့် အရပ်ဖက်အဖွဲ့စည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ခွင့်ရရှိရန် စသည့် အချက်များကို တောင်းဆိုထားသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် အဖွဲ့စည်းအသီးသီးမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကြံပြုချက် စာတမ်း(၂၅)စောင် တင်သွင်းဆွေးနွေးခဲ့ကြပြီး တတ်ရောက်လာသော အင်အားစုအသီးသီးမှကိုယ်စားလှယ်များက လူထုသဘောထားများ ကိုအခြေခံသည့် ငြိမ်းချမ်းရေးဖော် ဆောင်ရေးအတွက် အခြေခံလို အပ်ချက်များ၊ အကြံပြုချက်များ၊ လက်တွေ့လုပ်ငန်းစဉ်များအား စုပေါင်း၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နှီးနှောဖလှယ်ပွဲသို့ ကယားပြည်နယ်နှင့် ကယန်းဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စည်းများ ၊ အခြားပြည်နယ်မှ လက်နက်ကိုင်အဖွဲ့စည်းများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ အခြားအင်အားစု အဖွဲ့ အစည်းများ၊ လူငယ်နှင့်အမျိုးသမီးအဖွဲ့ များ ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ကယားပြည်နယ်ရှိမြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၅၀)ဦး တတ်ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~