ယင်းမာပင်မြို့နယ် ကျေးစာကျရွာတွင် အာဏာသိမ်းစစ်တပ်ဝင်ပြီး မီးရှို့နေ

ယင်းမာပင်မြို့နယ် ကျေးစာကျရွာတွင် အာဏာသိမ်းစစ်တပ်ဝင်ပြီး မီးရှို့နေ
ဇန်နဝါရီ 9, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျေးစာကျရွာတွင် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့ နေ့လယ် (၁၂) နာရီဝန်းကျင်၌ အာဏာသိမ်းစစ်တပ် ဝင်သွားပြီးနောက် ရွာတွင်းမှ မီးခိုးများတက်လာသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်တပ်သည် ယင်းမာပင်မြို့နယ်၊ ယမားချောင်း တံတားအောက်ဘက်မှနေ၍ ခြေလျင်ဆင်းလာခြင်းဖြစ်ပြီး ကျေးစာကျရွာသို့ သေနတ်များပစ်ပေါက်ဝင်ရောက်စီးနင်းနေခြင်းဖြစ်သည်ဟု ဒေသအခြေစိုက် မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်သည် နေရာဒေသမရွေးကျေးရွာများကို ဝင်၍စီးနင်းရာတွင် နေအိမ်များအား မီးရှို့လေ့ရှိသည်ကို အမြောက်အများ တွေ့နေရသည်။