ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများသို့ အာဏာသိမ်းစစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးရှောင်နေရ

ညတွင်းချင်း စစ်ရှောင်နေသည့် ဒီပဲယင်းအရှေ့ခြမ်းမှ ဒေသခံများ
ညတွင်းချင်း စစ်ရှောင်နေသည့် ဒီပဲယင်းအရှေ့ခြမ်းမှ ဒေသခံများ
ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများသို့ အာဏာသိမ်းစစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးရှောင်နေရ
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကျေးရွာများသို့ အာဏာသိမ်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ယနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ယမန်နေ့က ဒီပဲယင်းတောင်ဘက်ခြမ်း မူးကမ်းရွာဘက်မှနေ၍ စစ်ကောင်စီတပ်အင်အား (၁၅၀) ဝန်းကျင်ပါသည့် စစ်ကြောင်းက ဒီပဲယင်းအရှေ့ခြမ်း တည်တော၊ အုပ်ဆည်၊ ချောင်းမြီးတို၊ ကျွဲတိုးခြုံ၊ ကျူတော၊ ယဉ်ကျေး၊ နများ၊ ဘန့်ဘွေးရွာများမှတစ်ဆင့် ယနေ့တွင် ညောင်လှ၊ ကုန်းကြီး၊ ဝဲကြီး၊ သရက်တောကျေးရွာများသို့ စစ်ကြောင်းထိုးလာရာ ထောင်နှင့်ချီသော ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များသည် ကျေးရွာများအတွင်း ဝင်ရောက်ကာ ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးသွားသည့်အပြင် ရွာသားအချို့မှာ ဖမ်းဆီးခံရပြီး အချို့မှာ အသတ်ခံကြရသည်ဟု သိရသည်။

အဆိုပါ အာဏာသိမ်းစစ်ကောင်စီတပပ်သည် ယနေ့ညနေပိုင်းတွင် ရေဦးမြို့နယ် ဆည်ကြီး၊ ဇိန့်ဇွန်းရွာများမှ တစ်ဆင့် ရေဦးမြိုသို့ ဝင်ရောက်သွားသည်ဟု သိရသည်။