တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းပေါ်ရှိ အောင်ရတနာဆေးရုံ ပိတ်သိမ်း

တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းပေါ်ရှိ အောင်ရတနာဆေးရုံ ပိတ်သိမ်း

တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းပေါ်ရှိ အောင်ရတနာ ပုဂ္ဂလိကဆေးရုံအား ၂၀၂၄ခုနှစ် မေလ (၁)လရက်နေ့မှစတင်၍ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အောင်ရတနာဆေးရုံမှ ဆရာဝန်တစ်ဦးထံမှ သိရသည်။

"ဧပြီလ ၂၁ရက်က ဆေးရုံဘက်ပိတ်မယ် ပြောတယ်၊ ဘာလို့လည်း မပြောဘူး။ မနေ့က ၂၂ရက်မှာ Khit Thitက တင်မှ CDMကိစ္စလို့ သိရတာဗျ"ဟု အောင်ရတနာဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်တစ်ဦးက Tachileik News Agencyကိုပြောသည်။

အောင်ရတနာဆေးရုံကို ဝန်ထမ်းပေါင်း ၂၀၀ ကျော် ၃၀၀ ခန့်ဖြင့် လည်ပတ်လျှက်ရှိပြီး၊ ဝန်ထမ်းများအတွက် မည့်သို့စီစဥ်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းစွာသိရှိခြင်းမရှိပေ။

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ၂၇ ရပ်ကွက် ဆရာစံလမ်းပေါ်ရှိ ပုဂ္ဂလိက ပင်လုံဆေးရုံကိုလည်း နှစ်လကြာ ပိတ်သိမ်းပြီး ပြန်လည်ဖွင့်လှစ်ခဲ့ကာ၊ ယခု အောင်ရတနာဆေးရုံနှင့်ပက်သက်ပြီး မည်သို့ဆက်လက်လုပ်ဆောင်မည်ကို ရှင်းလင်းစွာသိရှိခြင်းမရှိပါ။

စစ်ကောင်စီဘက်မှ CDM ဆရာဝန်များ လက်ခံထားသည့်အတွက် ပိတ်သိမ်းခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေပြီး အောင်ရတနာဘက်၏ Admin နှင့် Directorများဘက်မှ သတင်းအတိအကျ မပြောသေးကြောင်း ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်တစ်ဦးမှပြောသည်။

#TachileikNewsAgency