ထိန်းချုပ်နယ်မြေအတွင်း  ကယ်ရီသမားအဖြစ် ဟန်ဆောင်ပြီး ထောက်လှမ်းရေး လာလုပ်နေသည့် စစ်မှူထမ်းဟောင်းတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိ

 ထိန်းချုပ်နယ်မြေအတွင်း  ကယ်ရီသမားအဖြစ် ဟန်ဆောင်ပြီး ထောက်လှမ်းရေး လာလုပ်နေသည့် စစ်မှူထမ်းဟောင်းတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိ
အောက်တိုဘာ 20, 2022 | 2021 Military Coup| အခြားဒေသများ

 Lion Battalion Commando Special Force ထိန်းချုပ်နယ်မြေကို ထောက်လှမ်းရေးလာလုပ်သည့် စစ်ကောင်စီ၏ စစ်မှူထမ်းတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိထားကြောင်း ယနေ့ အောက်တိုဘာလ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ဗျူဟာမှူး ဗိုလ်မှူး အယ်ဆေးဝါး ဦးဆောင်သည့်  Lion Battalion Commando Special Force ဗျူဟာ စစ်ကြောင်း၊ KTLArmy နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းများ စစ်ရေးလှုပ်ရှားနေသည့်နယ်မြေအတွင်းသို့ ကယ်ရီသမား အသွင် ယူထားသည့် စစ်ကောင်စီ၏ စစ်မှူထမ်းဟောင်းတစ်ဦးကို လက်နက်ငယ်တစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ ကားတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းထံမှ စစ်မှုထမ်းဟောင်းအဖွဲ့၏ အဖွဲ့ဝင်ကတ်ပြား နှင့်  ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ဆေးတွေ့ရှိချက်များအရ အမည်မှာ စိုးမြင့် ဆိုသူဖြစ်ပြီး ခလရ ၉၇ တွင် အရာခံဗိုလ်ရာထူးဖြင့် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင်  KTLArmy ပူးပေါင်းတပ်ဖွဲ့ဝင်များက  ၎င်းအား စစ်ဆေး မေးမြန်းနေလျက်ရှိသည်ဟု သိရသည်။

 

Photo: LION Battalion Commando Special Force