ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး ဒေသခံထောင်ချီထွက်ပြေးနေရ

ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး ဒေသခံထောင်ချီထွက်ပြေးနေရ

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁)ရက်နေ့က စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံထောင်ချီ ထွက်ပြေးနေရကြောင်း သိရသည်။

ဇူလိုင်လ (၁)ရက်နေ့မှစ၍ (၅)ရက်အတွင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား  အများအပြား ထိခိုက်သေဆုံးကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် (၁)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ (၅)ရက်အတွင်း ညောင်လေးပင်ခရိုင်ရှိ ရေတွင်းကုန်းကြီး၊ ဥသျှစ်ကုန်း၊ အုန်းပင်စု၊ သပြေကုန်း၊ ဝက္တူး၊ အညာစု၊ ငနွားဆိပ်၊ ငဖယ်အင်း စသည့်ကျေးရွာများမှ ဒေသခံ(၄၆၇၂)ဦး ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရသည်။

ထို့အပြင် အင်းပရိ၊ ကျောက်တန်း၊ ကညင်ကျိုး၊ လက်ခံ၊ ဒိုးတန်း၊ ကန္ကလေး၊ ရေတွင်းကုန်း၊ သမင်အင်းကုန်း၊ ချွဲတလဲ၊ တလဲဒူး၊ တလဲဆန်း၊ ခိုလှုံ၊ တလဲခင်၊ နံဇ စသည့်ကျေးရွာများနှင့် အတည်မပြုနိုင်သေးသည့် ကျေးရွာများမှ ဒေသခံအများအပြားလည်း တိမ်းရှောင်နေရသည်ဟု ပဲခူးတိုင်း PDF ထံမှ သိရသည်။

၂၀၂၃ခုနှစ် ဇူလိုင်လ (၅)ရက်‌နေ့ကလည်း နှစ်ဘက်တပ်ဖွဲ့များသည် နံဇရွာထိပ်တွင် လည်းကောင်း ဇူလိုင်လ(၆)ရက်နေ့တွင် နံဇရွာနှင့် ပေါက်ပင်ကုန်းကြား တံတားထိပ်တွင် လည်းကောင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency