နမ့်ဖတ်ကာစခန်းအတွင်းမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများနှင့် ပစ်ချလိုက်သည့် တိုက်ယာဉ်အပျက်အစီးပုံများ

နမ့်ဖတ်ကာစခန်းအတွင်းမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများနှင့် ပစ်ချလိုက်သည့် တိုက်ယာဉ်အပျက်အစီးပုံများ
ဇန်နဝါရီ 25, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများနှင့် ပစ်ချခံရသည့် တိုက်လေယာဉ်ဓာတ်ပုံများကို KIA ရှေ့တန်းရောက်ရဲဘော်တစ်ဦးထံမှ ရရှိထားသည်။

နမ်ဖက်ကာရှိ စစ်ကောင်စီတပ် ခလရ(၁၂၃)တပ်စခန်းကို KIA ပူးပေါင်းတပ်များက ၂၀၂၄ခုနှစ် ဇန်နဝါရီ(၂၄)ရက်နေ့ ညနေပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စခန်းအတွင်းမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများကို ပေးပို့လာခြင်း ဖြစ်သည်။

ပေးပို့လာသည့်ဓာတ်များထဲတွင် နမ့်ဖတ်ကာတပ်စခန်းမကျရေး တိုက်လေယာဉ်ဖြင့်လာပစ်စဉ် KIAက ဇန်နဝါရီလ(၁၆) ရက်နေ့တွင် ပစ်ချလိုက်သည့် တရုတ်ထုတ် FTC 2000G အမျိုးအစား တိုက်ခိုက်ရေးလေယာဉ်၏ အပျက်အစီးပုံများလည်း ပါဝင်သည်။

#TachileikNewsAgency