ရွေးကောက်ပွဲကို လက်နက်ကိုင်အဖွဲ့အစည်းများရှိရာဒေသတွင် ကျင်းပနိုင်ရေး စစ်ကောင်စီနှင့် RCSS ဆွေးနွေးနေ

ရွေးကောက်ပွဲကို လက်နက်ကိုင်အဖွဲ့အစည်းများရှိရာဒေသတွင် ကျင်းပနိုင်ရေး စစ်ကောင်စီနှင့် RCSS ဆွေးနွေးနေ
စက်တင်ဘာ 22, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် RCSSတို့သည့် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံခဲ့ကြပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရှိရာဒေသများတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။  

ထို့အပြင် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပနိုင်ရေး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရှိရာဒေသများတွင် လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်သင့်သည့်ပုဒ်မများနှင့် ဒေသဖွံဖြိုးတိုးတက်ရေး၊ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း RCSS ဘက်က ဆွေးနွေးခဲ့ပြီး ယနေ့ စက်တင်ဘာလ (၂၂)ရက်နေ့တွင် ဒုတိယအကြိမ် ဆက်လက်ဆွေးနွေးမည်ဟု သိရသည်။

#TachileikNewsAgency