နွားထိုးကြီးတွင် စစ်ကောင်စီတပ်ဖွဲ့ကားနှစ်စီး မိုင်းခွဲခံရ

နွားထိုးကြီးတွင် စစ်ကောင်စီတပ်ဖွဲ့ကားနှစ်စီး မိုင်းခွဲခံရ
အောက်တိုဘာ 3, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စီးနင်းလာသည့် ကား(၂)စီးကို ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့ နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

မြင်းခြံမှ နွားထိုးကြီးဘက်သို့လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် 4-Wheel ကား(၂)စီးအား နွားထိုးကြီးမြို့နယ် ကံရွာနှင့် ကံနှောင်းရွာအကြားတွင် ခြောက်လုံးတွဲ ပဒေသာမိုင်းတစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို Myingyan Black Tiger(MBT)နှင့် MDY-PDF ခရိုင်တပ်ရင်း (၃)တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ထိခိုက်သေဆုံးသူရှိသည်ဟု Myingyan Black Tiger(MBT)က သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency