ရွှေကျင်မြို့နယ် ကွန်ဖဲ့ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ မီးရှို့ရှင်းလင်း

ရွှေကျင်မြို့နယ် ကွန်ဖဲ့ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ မီးရှို့ရှင်းလင်း

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွန်ဖဲ့ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် တော်လှန်ရေးတပ်များက သွားရောက်ရှင်းလင်းခဲ့ကြောင်း BPLAက ယနေ့ ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

စခန်းတွင်း ကျန်ရှိခဲ့သော အသုံးအဆောင်များ၊ ရိက္ခာများ၊ စက်ပစ္စည်းများအား လိုက်လံသိမ်းဆည်းပြီး ဆန်၊ ဆီ၊ ပဲ၊ စားသောက်ကုန်ပစ္စည်းများအား ပြည်သူများထံ ပေးအပ်ခဲ့သည်ဟု ဆိုသည်။

စခန်းအတွင်း မိုင်းများရှင်းခြင်း၊ နယ်မြေရှင်းလင်းခြင်း၊ အဆောက်အဦးနှင့် ဘန်ကာတို့အား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

ရှင်းလင်းခြင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: BPLA