ဘီးလင်းမြို့နယ်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို KNLA ပူးပေါင်းတပ်က ဒရုန်းဖြင့် တိုက်ခိုက်

ဘီးလင်းမြို့နယ်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို KNLA ပူးပေါင်းတပ်က ဒရုန်းဖြင့် တိုက်ခိုက်
စက်တင်ဘာ 21, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို KNLA ပူးပေါင်း PDF တပ်များက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီး(၆)လုံးချ တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)ထံမှ သိရသည်။

ဘီးလင်းမြို့နယ် အလူးလေးကျေးရွာရှိ တာရာဆိုင်အနောက်၊ ခြင်္သေ့နှစ်ကောင်လမ်းဆုံနှင့် MK ဆီဆိုင်ရှေ့တို့တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် (၃)ကြိမ် ဗုံးသီး (၆)လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို KNLA၊ KRF၊ TPDF၊ သူရိယစစ်ကြောင်းနှင့် PPDF-KD ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KRF အနေဖြင့် စစ်အာဏာရှင်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သဖြင့် စစ်ကောင်စီထောက်တိုင်များအား တိုက်ခိုက်သွားမည်ဟု ဆိုသည်။

KRFသည် စစ်တပ်အာဏာသိမ်းပြီးနောက် (၂)နှစ်အတွင်း တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ စစ်ကောင်စီတပ်ဖွဲ့၊ ရဲ၊ ပျူစောထီးနှင့် စစ်ကောင်စီထောက်တိုင်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း စသည့်တိုက်ခိုက်မှုအကြိမ်(၁၀၀)နှင့်အထက် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သားနှင့် အပေါင်းအပါ (၁၆၀)ဦး သေဆုံးခဲ့ကာ KRFမှ ရဲဘော်(၇)ဦး ကျဆုံးခဲ့ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ (၉)ရက်နေ့က ထုတ်ပြန်ထားသည်။

#TachileikNewsAgency