ငပလီနှင့် ချောင်းသာတွင် အပန်းဖြေနေသည့် ဒဏ်ရာရတပ်သားများဓာတ်ပုံ စစ်ကောင်စီထုတ်ပြန်

ငပလီနှင့် ချောင်းသာတွင် အပန်းဖြေနေသည့် ဒဏ်ရာရတပ်သားများဓာတ်ပုံ စစ်ကောင်စီထုတ်ပြန်

ငပလီနှင့် ချောင်းသာတွင် အပန်းဖြေနေသည့် ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို တွေ့ရသည့် ဓာတ်ပုံပါသတင်းကို စစ်ကောင်စီက ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့တွင် ဖော်ပြထားသည်။

၎င်းစစ်ကောင်စီတပ်သားများသည် ဇွန်လ(၁၁)ရက်နေ့မှစတင်၍ (၅)ရက်ကြာ အနားယူ အပန်းဖြေခဲ့ပြီးနောက် နေပြည်တော်နှင့် ရန်ကုန်တိုင်းတို့ကို ပြန်လည်ရောက်ရှိပြီဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ဒဏ်ရာရသည့် စစ်ကောင်စီတပ်သားများကို   ချောင်းသာနှင့် ငပလီကမ်းခြေများသို့လိုက်ပို့ခြင်းသည် တပ်တွင်းစည်းရုံးရေးကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု CDMတပ်မတော်သားများက Tachileik News Agency ကိုပြောဆိုထားသည်။

အမေရိကန် ပြည်ထောင်စုငြိမ်းချမ်းရေးအင်စတီကျု(USIP)မှ ဧည့်သုတေသီ ကိုရဲမျိုးဟိန်းက မေလတွင် ထုတ်ပြန်သည့် သုတေသနတွင် စစ်ကောင်စီတပ်သည် တပ်သားမလုံမလောက်သော အခြေအနေမှ အင်အားချိနဲ့သော အခြေအနေသို့ ရောက်နေသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက် တိုက်ပွဲအတွင်း သေဆုံးသူ(၁၃,၀၀၀)၊ ဘက်ပြောင်းသူနှင့် ထွက်ပြေးသူ(၈,၀၀၀)ကျော်၊ စုစုပေါင်း အင်အား (၂၁,၀၀၀)ခန့်ဆုံးရှုံးထားကြောင်း ဖော်ပြထားသည်။

#TachileikNewsAgency