သထုံအခြေစိုက် ခမရ (၂)မှ စစ်ကောင်စီတပ်သား ၂ဦး အလင်း၀င်

သထုံအခြေစိုက် ခမရ (၂)မှ စစ်ကောင်စီတပ်သား ၂ဦး အလင်း၀င်

မွန်ပြည်နယ် သထုံမြို့အခြေစိုက် တပ်မ (၄၄)၊ ခမရ (၂)မှ စစ်ကောင်စီတပ်သားနှစ်ဦး နဂါးဖြူစစ်ကြောင်းသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်း၀င်လာကြောင်း နဂါးဖြူစစ်ကြောင်းက ထုတ်ပြန်သည်။ 

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် ခမရ (၂)လက်အောက်ခံ စစ်ကောင်စီတပ်သားအဆင့် ရဲဘော်တစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသခွဲ (၃)၊ နဂါးဖြူစစ်ကြောင်းမှ ကိုဆန်းဒေးဦးဆောင်သော တပ်ခွဲ(၂)ထံသို့ MA1 သေနတ် တစ်လက် ၊ကျည်ဘောက် ၅ခု၊ကျည်တောင့် ၁၂၀ဖြင့်အလင်း၀င်ခဲ့သည်ဟု ဆိုသည်။

၂၀၂၄ခုနှစ် ဧပြီလ ၅ ရက်နေ့တွင်လည်း ခမရ (၂) လက်အောက်ခံ စစ်ကောင်စီတပ်မှ တပ်သားအဆင့် ရဲဘော်တစ်ဦးသည် G1 ‌သေနတ်တစ်လက်၊ ကျည်ဘောက် ၅ခု၊ ကျည်တောင့် ၃၀၀၊ (မင်းဂွတ်သီး) လက်ပစ်ဗုံး ၃လုံးတို့ဖြင့် နဂါးဖြူစစ်ကြောင်းထံ အလင်း၀င်ခဲ့သည်ဟု သိရသည်။

အလင်း၀င်တပ်သားနှစ်ဦးကို နွေးထွေးစွာကြိုဆိုပြီး လုံခြုံဘေးကင်းစွာ စောင့်ရှောက်ထားကာ နောက်ထပ်အလင်း၀င်၍ ပြည်သူလူထုဘက် ရပ်တည်မည့်သူများကို ကြိုဆိုလျှက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံနေရာအနှံအပြားတွင် စစ်ကောင်စီတပ်၏ လုပ်ဆောင်မှုများကို ကြိုက်နှစ်သက်ခြင်းမရှိသော တပ်ဖွဲ့၀င်အများအပြားမှ အလင်း၀င်ရောက်လျှက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့အသီးသီးကလည်း အလင်း၀င်သူများကို လုံခြုံရေးအာမခံချက်ပေးပြီး ကြိုဆိုလျှက်ရှိကြောင်း နဂါးဖြူစစ်ကြောင်းက ထုတ်ပြန်ထားသည်။

#TachileikNewsAgency