ကျောက်မဲနှင့် မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA ပူးပေါင်း PDF တပ်များက သိမ်းပိုက်၊ စစ်သုံ့ပန်း ၅ ဦး ဖမ်းဆီးရမိ

ကျောက်မဲနှင့် မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA ပူးပေါင်း PDF တပ်များက သိမ်းပိုက်၊ စစ်သုံ့ပန်း ၅ ဦး ဖမ်းဆီးရမိ
ဒီဇင်ဘာ 8, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်၏ လယ်ကြီးတပ်စခန်းကို ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့တွင် တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (TNLA)နှင့်  မိုးကုတ်ဗျူဟာ PDFတို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

တပ်စခန်းအတွင်း စစ်ကောင်စီတပ်သား သုံ့ပန်း(၂)ဦးနှင့် ရဲ(၃)ဦးတို့ကိုဖမ်းဆီးရမိပြီး (၆၀၊ ၈၀)မမ လက်နက်ကြီးအပါအဝင်၊ စစ်ကောင်စီတပ်၏ လက်နက် (၁၀)လက်နှင့် စစ်အသုံးဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်ဟု TNLAက သတင်းထုတ်ပြန်သည်။

ထို့အပြင် မန်တုံမြို့နယ်ရှ် စစ်ကောင်စီတပ်၏ ခိုမုန်း(မန်နား)တပ်စခန်းကိုလည်း ယင်းနေ့တွင် TNLAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ယခုတပ်စခန်း (၂)ခုအပါအဝင် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ (၈)ရက်နေ့အထိ တအာင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း (၅၃)ခုကို သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News