စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်နိုင်မည့် တပ်ပေါင်းစုသင်တန်းဆင်းပွဲပြုလုပ်

စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်နိုင်မည့် တပ်ပေါင်းစုသင်တန်းဆင်းပွဲပြုလုပ်

ချင်းအမျိုးသားတပ်မတော်(CNA)မှ ဦးဆောင်ကျင်းပသည့် တပ်ပေါင်းစုသင်တန်းဆင်းပွဲကို ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၉)ရက်နေ့က ချင်းအမျိုးသားတပ်မတော်(CNA)တပ်စခန်း တစ်နေရာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်ပေါင်းစုသင်တန်းကို ချင်းအမျိုးသားတပ်မတော် (CNA)၊ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)နှင့် ချင်းကာကွယ်ရေးအဖွဲ့ (၄)ဖွဲ့မှ သင်တန်းသား (၂၄၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ (၃)လကြာမြင့်ခဲ့သည်ဟု သိရသည်။

ယခုလေ့ကျင့်မှုသည် စစ်ကောင်စီတပ်ကို စုပေါင်းအားဖြင့် တန်ပြန်ထိုးစစ်ဆင်ကာ တော်လှန်ရေးအရှိန်မြှင့်တင်မည့် အစီအစဉ်ဖြစ်ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က ယနေ့ ဩဂုတ်လ (၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တပ်ပေါင်းစုသင်တန်းဆင်းပွဲသို့ ချင်းအမျိုးသားတပ်မတော်မှ ခေါင်းဆောင်များ၊ အရာရှိကြီးများ၊ မဟာမိတ်တပ်ဖွဲ့များမှ ခေါင်းဆောင်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြနှင့် သင်တန်းဆင်းရဲဘော်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့