ယင်းမာပင်မြို့နယ်တွင် သစ်ထုတ်နေသည့် စစ်ကောင်စီရှေ့ပြေးကင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်ပြီး သေနတ်တစ်လက်ရ

ယင်းမာပင်မြို့နယ်တွင် သစ်ထုတ်နေသည့် စစ်ကောင်စီရှေ့ပြေးကင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်ပြီး သေနတ်တစ်လက်ရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် သစ်များထုတ်ယူနေသည့် စစ်ကောင်စီတပ်ဖွဲ့၏ ရှေ့ပြေးကင်းအဖွဲ့ကို ဒေသကာကွယ်ရေးတပ်များက ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၉)ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၏ သေနတ်တစ်လက်အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းမှ သစ်များကို ထုတ်ယူနေသော စစ်ကောင်စီတပ်ဖွဲ့၏ အင်အား (၃၅)ဦးဝန်းကျင်ပါ ရှေ့ပြေးကင်းထောက်အဖွဲ့ကို ULF(မဟာမိတ်တပ်ပေါင်းစု)က (၁၅)မိနစ်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ULF(တပ်ပေါင်းစု)ထံမှ သိရသည်။

ULF(တပ်ပေါင်းစု)၏ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ဖွဲ့ထံမှ သိမ်းဆည်းရမိသောပစ္စည်းများမှာ MA 11 တစ်လက်၊ ကျည်ဘောက်(၃)ခု၊ ကျည်ကာ (၃)ခု၊ လက်ကိုင်ဖုန်း (၃)လုံး၊ ဘေးလွယ်အိတ် တစ်လုံး၊ လက်ကိုင်အိတ်တစ်အိတ်၊ ကျပ်ငွေ(၁၅,၅၀၀)၊ ထိုင်းဘတ်ငွေ(၅၀)နှင့် ရွှေထည်ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

တိုက်ခိုက်မှုကို ULF(မဟာမိတ်တပ်ပေါင်းစု)၊ Comrade စစ်ကြောင်း၊ KLG စစ်ကြောင်း၊ Alpha စစ်ကြောင်း၊ B 21 PDF(တပ်ရင်း ၁၇ )၊ PDA (တပ်ရင်း ၃၅)၊ ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့၊ ချင်းတွင်း GZနှင့် သေမင်းတမန် LPDFတို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency