ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို MNDAA တိုက်ခိုက် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများရရှိ

ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို MNDAA တိုက်ခိုက် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများရရှိ
ဒီဇင်ဘာ 1, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင် ကိုးကန့် ဟုန်ရှိထုပ်ဟော်ရွာမှ ကြွယ်ပရွာဘက်သို့ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို MNDAAက ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် MNDAAမှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ သေဆုံးနေသည့် စစ်ကောင်စီတပ်သားတစ်ဦးနှင့် လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ (၃၀)ရက်နေ့က ထမ်မိန်တောင်တန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရှီးရှမ်းဒေသ တာရွှေထန်အုပ်စု၊ နန်ကော်ရွာတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ဒေသခံအရပ်သား (၂)ဦး ထိမှန်သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ညပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် နန်ကော်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency