ကောလင်းမြို့မှ ဒေသခံ(၃)ဦးကို ဖမ်းဆီးပြီး (၃)ရက်အကြာတွင်  တစ်ဦးကို ထောင်ဒဏ်တစ်သက် ချမှတ်ကာ ကျန်(၂)ဦး ကို ထောင်ဒဏ် (၇)နှစ်စီ မတရား အမိန့်ချ 

ကောလင်းမြို့မှ ဒေသခံ(၃)ဦးကို ဖမ်းဆီးပြီး (၃)ရက်အကြာတွင်  တစ်ဦးကို ထောင်ဒဏ်တစ်သက် ချမှတ်ကာ ကျန်(၂)ဦး ကို ထောင်ဒဏ် (၇)နှစ်စီ မတရား အမိန့်ချ 

 စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ဈေးရုံဗိုလ်တဲရပ်နေအိမ်တွင် ဖမ်းဆီးခံရသူ အရပ်သား(၃)ဦးကို စစ်ကောင်စီတပ်က တစ်ဦးကို ထောင်ဒဏ်တစ်သက်နှင့် ကျန်နှစ်ဦးကို ထောင်ဒဏ် (၇)နှစ်စီ မြန်မြန်ဆန်ဆန် အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ မေလ (၁၅)ရက်နေ့က စစ်ကောင်စီတပ်များသည် အင်အားအများအပြားဖြင့် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားပြီး PDF များနှင့် ဆက်စပ်သည်ဟုဆိုကာ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂ (က)တို့ဖြင့် ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"အခုဘယ်ထောင်ခေါ်သွားလဲမ သိဘူး။ ဖမ်းတုန်းက ရဲစခန်းမှာထားတာ။ အဆက်အသွယ်မရဖြစ်နေတယ်။"ဟု ၎င်းတို့နှင့် နီးစပ်သူတစ် ဦးက Tachileik News Agency ကို ပြောသည်။

ဖမ်းဆီးခံရသူများမှာ ကိုဖိုးပြည့် ပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ်တစ်သက်၊ ကိုညိုဝင်း ပုဒ်မ၅၂(က)ဖြင့် ထောင်ဒဏ်(၇)နှစ်၊ ကိုအောင်မင်း ပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ်(၇)နှစ်တို့ဖြင့်စစ်ကောင် စီက မေလ(၁၈)ရက်တွင် ထောင်ဒဏ်အသီးသီး မတရားအမိန့်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။