စစ်ကောင်စီတပ်များ မီးရှို့ခဲ့သည့် ညောင်ပင်ကြီးရွာအနီးရှိ ကျေးရွာနေ ပြည်သူများကို စောင်နှင့် ခေါင်းအုံးများ လှူဒါန်း

စစ်ကောင်စီတပ်များ မီးရှို့ခဲ့သည့် ညောင်ပင်ကြီးရွာအနီးရှိ ကျေးရွာနေ ပြည်သူများကို စောင်နှင့် ခေါင်းအုံးများ လှူဒါန်း
စက်တင်ဘာ 25, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာအနီးတဝိုက်ရှိ စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးခြင်းကိုခံခဲ့ရသည့် ကျေးရွာများကို ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းက စောင်နှင့် ခေါင်းအုံးများအား ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့တွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လက စစ်ကောင်စီတပ်များတပ်စွဲထားသည့် ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များသည် ညောင်ပင်ကြီးကျေးရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာ(၆)ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။

“(၆)ရွာမီးရှို့ခံရတာ အခုတော့ (၃)ရွာလောက်ပဲ ပြန်နေလို့ရသေးတာ။ (၄)ရွာအထိတော့ စောင်နဲ့ ခေါင်းအုံးတွေ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။”ဟု ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် စောင်နှင့်ခေါင်းအုံးများ လိုအပ်သည့်အပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ခက်ခဲနေသည့် ညောင်ပင်ကြီးရွာ အနီးတဝိုက်ရှိ စစ်ရှောင်ပြည်သူများအတွက် စပါးတင်း(၁၀၀) ကမ်ပိန်းကိုလည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းက ပြုလုပ်နေသည်။

#TachileikNewsAgency

Photo : ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်း